ပထမကျမ်း
ကမ္ဘာဦးကျမ်း ၁၈း ၁-၁၀
၁ ထာဝရဘုရား သည် မံရေပိုင်သောသစ်ပင် များ ရှိရာအရပ် တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ ၏။ နေအလွန်ပူပြင်းသောအချိန် ၌ အာဗြဟံ သည် မိမိ ၏ တဲဝမှာထိုင်နေစဉ်၊ -
၂ မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေ သည် ကိုတွေ့မြင်ရလေ သည်။ အာဗြဟံ သည် သူတို့ကို မြင် လျှင် ခရီးဦးကြိုဆို ခြင်း ငှာပြေးသွားလေ ၏။ သူ သည် ဦးညွှတ်ပျပ်ဝပ် လျက် ၊ -- ၁၈:၂။ *ဟေဗြဲ၊ ၁၃:၂။ *
၃ ``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ် ၏ အိမ် သို့ မဝင် ဘဲ မနေ ပါ နှင့် ။ -
၄ ခြေဆေး ရန် ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက် တွင် အပန်းဖြေနိုင်ပါ သည်။ -
၅ အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့ မှသာ လျှင် အားပြည့်လာ ၍ ခရီး ဆက်နိုင်ပါမည်။ အရှင်တို့ သည် အကျွန်ုပ်အိမ် သို့ ကြွရောက်လာကြ ခြင်း ဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ ဖြစ် ၍ အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ ၏။
၆ အာဗြဟံ သည် တဲထဲရှိစာရာထံ သို့ အလျင် အမြန်ဝင်သွားပြီး လျှင် ``အကောင်းဆုံးမုန့်ညက် ကိုယူ ၍ မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။ -
၇ အာဗြဟံ သည် နွားအုပ်ရှိရာ သို့ ပြေးပြီး လျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေး လျက် ကျွန်တစ်ဦး ၏ လက် သို့ အပ် ၍ ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ ၏။ -
၈ ထိုနောက်မလိုင်၊ နို့ နှင့် အမဲဟင်းတို့ကိုဧည့် သည် များ ရှေ့ ၌ တည်ခင်း သည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက် တွင် ဧည့်ခံကျွေးမွေးသဖြင့် သူတို့ သည် စားသုံးကြ ၏။
၉ သူတို့က``သင် ၏ မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး ၏။
ပြီး သော အခါ၊ သင်၏ မ ယား စာ ရာ သည် အဘယ် မှာ ရှိ သ နည်း ဟု မေး ကြ လျှင်၊ တဲ အတွင်း၌ ရှိ ပါ သည် ဟု ပြန် ပြော၏။
၁၀ တစ်ယောက်သောဧည့် သည် က``ယခုမှစ ၍ ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန် ၌ သင် ၏ မယားစာရာ ၌ သားဖွားလိမ့်မည်'' ဟု ဆိုလေ ၏။
ဆာလံကျမ်း
၁၅း ၂-၅
၂ အပြစ် တင်ခွင့်ကင်းစွာ လျှောက်လမ်း သော သူ ၊ ဖြောင့်မှန်ရာကို ပြုကျင့် သော သူ ၊ မိမိ ၏ နှလုံးသားမှ အမှန်တရားကိုပြောဆို သော သူ ၊
၃ မိမိ ၏ နှုတ် ဖြင့် သူတစ်ပါး ၏ အသရေကိုမဖျက်တတ် သော သူ ၊ မိမိ ၏ မိတ်ဆွေတို့အား မပြစ်မှား သော သူ ၊ မိမိနှင့် နီးစပ်သူအား ကဲ့ရဲ့ရှုတ်ချ ခြင်း မပြု သော သူ ၊
၄ ဆိုးယုတ် သော သူ ကို မိမိ ၏ မျက်စိထဲ တွင် ယုတ်မာ သော သူ ဟုမြင် လျက် ဘုရားသခင် ကိုကြောက်ရွံ့ရိုသေ သော သူ တို့ ကို မူ ဂုဏ်ပြုချီးမြောက် သော သူ ၊ မိမိ ၏ အကျိုး ကို ထိခိုက်နစ်နာ သည် အထိ ကတိတည်ကြည် သော သူ ၊ အတိုးမယူ ဘဲ မိမိ ၏ ငွေကို ချေးငှား သော သူ ၊
၅ အပြစ် မဲ့သူကို ဆန့်ကျင်ဘက်ပြု ၍ သက်သေခံ ရန် တံစိုးလက်ဆောင်ကို လက်မခံ သော သူ သည် ထိုအရပ် တွင် နေထိုင်ရ လိမ့်မည်။ ဤအရာ များ ကို ပြုကျင့် သော သူ သည် မည် သည့် အခါမျှ တုန်လှုပ် ချောက်ချားရ လိမ့်မည် မဟုတ်။
ဒုတိယကျမ်း
ကော် ၁း ၂၄-၂၈
၂၄ ယခုငါ သည် သင်တို့ အတွက် ဒုက္ခဆင်းရဲခံထမ်းရ သောကြောင့် လည်းကောင်း ၊ အသင်းတော်တည်း ဟူသော ခရစ်တော် ၏ ကိုယ်ခန္ဓာ အတွက် ခံထမ်း ရန် လိုအပ်နေသော ကိုယ်တော် ၏ ဒုက္ခဆင်းရဲ များ ကိုငါ ၏ ကိုယ်ခန္ဓာ ၌ ဖြည့်ဆည်းနိုင် သောကြောင့် လည်းကောင်း ဝမ်းမြောက် ပါ ၏။
၂၅ ဘုရားသခင် ၏ နှုတ်တော်ထွက်စကားကို အ ပြည့်အဝဟောပြောနိုင် ရန် ကိုယ်တော် သည် ငါ့ကို သင်တို့ အတွက် အမှုတော်ဆောင် အဖြစ် ခန့်ထား တော်မူ ခြင်း ဖြင့် ငါ သည် အသင်းတော် ၏ အမှုတော်ဆောင်ဖြစ်လာခဲ့ ၏။
၂၆ ထိုနှုတ်တော်ထွက်စကားမှာ ကာလပေါင်း များ စွာလူမျိုးအစဉ်အဆက်ဖုံးကွယ်ထားခဲ့သောနက်နဲရာဖြစ်ပြီး ယခုအခါ တွင် မူ မိမိ ၏ သူတော်သူမြတ်တို့အား ၎င်းကိုထုတ်ဖော်ပြ တော်မူ လေပြီ။
၂၇ ဤနက်နဲရာအချက် သည် ကား သင်တို့ ၌ ရှိ သည့် မျှော်လင့် ခြင်း ၏ ဘုန်းဂုဏ်တော်တည်း ဟူသော ခရစ်တော် ပင်ဖြစ်သတည်း။ ဤနက်နဲရာဘုန်းဂုဏ်တော် သည် လူမျိုးခြားတို့အလယ် တွင် မည်မျှကြီးမြတ် ပြည့်စုံ တော်မူ သည် ကို ထုတ်ဖော်ပြ ရန် ဘုရားသခင် သည် ထိုသူတော်သူမြတ်တို့အား ရွေးကောက် တော်မူ ခဲ့ ၏။
၂၈ လူ တိုင်း သည် ခရစ်တော် ၌ စုံလင်ရင့်ကျက်လာကြစေ ရန် ငါတို့ သည် ခရစ်တော် အကြောင်း ကို ဟောပြောကြ ၍ လူ တိုင်း အား ငါတို့ သိရှိသမျှ အ တိုင်း သွန်သင်ဆုံးမ လျက် သတိပေးနှိုးဆော်ကြ ၏။
အာလေလုယာ
ကောင်းသောမြေပေါ် ၌ ကျသောမျိုးစေ့တို့ သည် ကား နှုတ်တော်ထွက်စကားကို ကြားနာ ၍ ဖြောင့်မတ် စင်ကြယ်သောနှ လုံး ဖြင့် စွဲမြဲစွာခံယူ သောကြောင့် အဆုံး တိုင်အောင် တည်တံ့ လျက် အသီး သီး သော သူ များ ကို ဆိုလို ခြင်း ဖြစ် ၏။ အာလေလုယာ
ဧဝံဂေလိကျမ်း
လုကာ ၁၀း ၃၈-၄၂
၃၈ သူတို့ သည် ခရီးဆက်ကြစဉ် ကိုယ်တော် သည် ရွာတစ်ရွာ သို့ ဝင်သ ဖြင့် မာဿ အမည် ရှိသော အမျိုးသမီး တစ်ဦး သည် ကိုယ်တော့်ကို မိမိ ၏ အိမ် ၌ လက်ခံကြိုဆိုလေ ၏။
၃၉ မာဿ တွင် မာရိယာ အမည် ရှိသောညီမ တစ်ဦး ရှိ ၍ သူမ သည် သခင်ဘုရား ၏ ခြေတော်ရင်း ၌ ထိုင် လျက် ကိုယ်တော် ၏ သွန်သင်ချက် များ ကိုနားထောင်နေလေ ၏။
၄၀ မာဿမူကား ဧည့်ခံ ခြင်း အမှု ၌ အလုပ် များ လျက် ရှိသ ဖြင့် ကိုယ်တော် ၏ အထံတော် သို့ ချဉ်းကပ် ၍ သခင်ဘုရား၊ ကျွန်မ ၏ ညီမဖြစ်သူ သည် ကျွန်မ တစ်ဦး တည်းဧည့်ခံ ခြင်း အမှုဆောက်ရွက် ရန် ပစ်ထား သည် ကို သတိမမူပါသလော။ သို့ ဖြစ် ၍ ကျွန်မကိုကူညီစေ ရန် သူမအားအမိန့်ရှိ တော်မူ ပါဟု လျှောက်လေ ၏။
၄၁ သို့ သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင် သည် များ စွာသောအမှုကိစ္စတို့ အတွက် စိုးရိမ်ပူပန် ခြင်း ရှိ ၏။
၄၂ လိုအပ်သောအရာ တစ်ခု တည်းသာရှိ ၏။ မာရိယာ သည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်လေပြီး။ ထိုအရာကို သူမ ထံမှ ဖယ်ရှား ၍ ရ လိမ့်မည် မဟုတ် ဟု မိန့် တော်မူ ၏။