ပထမကျမ်း
တမန်တော်ဝတ္ထု ၁၀း ၃၄၊ ၃၇-၄၃
၃၄ ထိုအခါပေတရု သည် မိမိ ၏ နှုတ်ကိုဖွင့် ၍ ဆို သည် ကား ဘုရားသခင် သည် မျက်နှာမလိုက်ကြောင်းကို ငါအမှန်တကယ်သိမြင်လေပြီ။၃၇ ယောဟန် သည် ဆေးကြော ခြင်း အကြောင်း ကို ဟောပြောခဲ့ပြီးနောက် နာဇရက်မြို့သား ယေဇူး သည် ဂါလေလေးယနယ်မှအစပြု ၍ ဂျူဒေးယ ပြည် တစ်လျှောက်လုံး ၌ နှုတ်တော်ထွက်စကားကို ဟောပြောခဲ့ ၏။
၃၇ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။
၃၈ ဘုရားသခင် သည် နာဇရက်မြို့သား ယေဇူး ကို ဝိညာဉ်တော် မြတ် နှင့် တန်ခိုး တော်အား ဖြင့် ဘိသိက်သွန်းလောင်း တော်မူ ခဲ့ ၏။ ထိုအခါ ဘုရားသခင် သည် မိမိနှင့် အတူရှိ တော်မူ သောကြောင့် ယေဇူး သည် လှည့်လည်သွားလာ ၍ ကောင်းသောအမှု များ ကိုပြုလုပ် လျှင် နတ်ဆိုး ၏ ဖိစီးနှိပ်စက် ခြင်း ခံရ သော သူ များ အား ပျောက်ကင်းချမ်းသာစေခဲ့ သည့် အကြောင်း ကို သင်တို့သိကြ ၏။
၃၉ ငါတို့ သည် လည်း ဂျူးလူမျိုးတို့ ၏ တိုင်း ပြည် နှင့် ဂျေရုဆလင်မြို့ တွင် ကိုယ်တော် ပြု တော်မူ သမျှ အမှုတော် များ ၌ သက်သေခံ များ ဖြစ်ကြ ၏။ သူတို့ သည် ကား ကိုယ်တော့်ကို သစ်တိုင်ပေါ် တွင် ချိတ်ဆွဲ လျက် အသေသတ်ခဲ့ကြ ၏။
၄၀ သို့ သော် ဘုရားသခင် သည် ကိုယ်တော့်ကို သုံးရက်မြောက်သောနေ့ တွင် ရှင်ပြန်ထမြောက်စေ ၍ ထင်ရှား ပြစေ တော်မူ ခဲ့ ၏။
၄၁ ထင်ရှား ပြရာ တွင် မူ လူ အားလုံး တို့ထံ သို့ မဟုတ် ဘဲ သက်သေခံ များ အဖြစ် ရွေးချယ် ခြင်း ခံရသော ငါတို့ ထံ သို့ သာဖြစ် ၏။ ငါတို့ သည် ကိုယ်တော် သေ ခြင်း မှ ရှင်ပြန်ထမြောက် တော်မူ ပြီးနောက် ကိုယ်တော် နှင့် အတူစားသောက်ခဲ့ကြ ၏။
၄၂ ကိုယ်တော် သည် ငါတို့ အား လူ အားလုံး တို့ ကို ဟောပြောသွန်သင် ရန် နှင့် ကိုယ်တော် သာ လျှင် ရှင်သူသေသူ တို့ ကို စစ်ကြော စီရင် ရန် ဘုရားသခင် ခန့်ထား တော်မူ သော သူ ဖြစ်ကြောင်းကို သက်သေခံ ရန် မိန့်မှာ တော်မူ ခဲ့ ၏။
၄၃ ပရောဖက် အပေါင်းတို့ က လည်း ကိုယ်တော့်ကိုယုံကြည် သော သူ အပေါင်းတို့ သည် ကိုယ်တော် ၏ နာမတော်အား ဖြင့် အပြစ် များ ခွင့်လွှတ် ခြင်း ခံကြရ သည် ဟူ ၍ ကိုယ်တော့်ကိုသက်သေခံကြကုန် ၏။
ဆာလံကျမ်း
၁၁၈း၁-၂၊၁၆-၁၇၊၂၂-၂၃၊
အလိုက်- ဤနေ့ရက် သည် ကား ထာဝရ ဘုရားသခင် စီရင် တော်မူ သောနေ့ရက်ဖြစ် ၏။ ငါတို့ သည် ဝမ်းမြောက် ရွှင်လန်းစွာကျင်းပကြကုန်စို့။
၁ ထာဝရ ဘုရားသခင် သည် ကောင်းမြတ် တော်မူ သောကြောင့် ကိုယ်တော့်ကို ကျေးဇူး တင် ချီးမွမ်း ကြလော့။ ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာတော် သည် အစဉ် ထာဝရ တည် တော်မူ ၏။ ၂ ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာတော် သည် အစဉ် ထာဝရ တည် တော်မူ ကြောင်း အစ္စရာအဲလ်လူမျိုးတို့ဝန်ခံကြပါစေ။
၁၆ ထာဝရ ဘုရားသခင် ၏ လက်ယာလက်တော် သည် ချီးမြှောက် ခြင်း ခံရ ၏။ ထာဝရ ဘုရားသခင် ၏ လက်ယာလက်တော် သည် အား တန်ခိုး ကြီးစွာလုပ်ဆောင် တော်မူ ပြီ။ ၁၇ ငါ သည် သေရ လိမ့်မည် မဟုတ်။ ငါ သည် အသက်ရှင်သန် လျက် ထာဝရ ဘုရားသခင် လုပ်ဆောင် တော်မူ သောအမှုအရာ တို့ ကို ပြန် လျက် ပြောဆိုမည်။
၂၂ တိုက်ကိုဆောက် သော သူ တို့စွန့်ပစ် ထား သော ကျောက် သည် ထောင့်ချုပ်ကျောက်ဖြစ်လာ ၏။၂၃ ဤ သည် ကား ထာဝရ ဘုရားသခင် လုပ်ဆောင် တော်မူ သော အမှုအရာဖြစ် ၏။ ၎င်း သည် ငါတို့ မျက်စိထဲ တွင် မူကား အံ့ဩဖွယ်ကောင်းလှပေ ၏။
ဒုတိယကျမ်း
ကော်လောဆေ ၃း၁-၄
၁ သင်တို့ သည် ခရစ်တော် နှင့် အတူ ရှင်ပြန်ထမြောက်ခဲ့ကြ သည် ဖြစ် ၍ ဘုရားသခင် ၏ လက်ယာတော်ဘက် ၌ ထိုင်နေ တော်မူ သော ခရစ်တော် ရှိရာအထက်အရပ် နှင့် ဆိုင် သည့် အရာ များ ကို ရှာဖွေရယူ ကြလော့။
၂ သင်တို့ သည် မြေကြီးပေါ် ၌ ရှိသောအရာ တို့ ကို စွဲလမ်း ခြင်း မရှိ ဘဲ အထက်အရပ် ၌ ရှိသောအရာ တို့ ကို သာစွဲလမ်း ကြလော့။
၃ အကြောင်း မူကား သင်တို့ သည် သေဆုံးခဲ့ကြပြီဖြစ် ၍ သင်တို့ ၏ အသက်တာ သည် ခရစ်တော် နှင့် အတူ ဘုရားသခင် ၌ ဝှက်ကွယ် လျက် ရှိ သောကြောင့် တည်း။
၄ သင်တို့ ၏ အသက်တာတည်း ဟူသော ခရစ်တော် ထင်ရှား ပြ တော်မူ သော အခါ သင်တို့ သည် လည်း ကိုယ်တော် နှင့် အတူ ဘုန်းဂုဏ်တော် ၌ ထင်ရှား ကြ လိမ့်မည်။
အာလေလုယာ
အကြောင်း မူကား ငါတို့ ၏ ပါစကားသိုးငယ်တော်ဖြစ်သော ခရစ်တော် သည် ယဇ်ကောင် အဖြစ် ပူဇော် ခြင်း ခံခဲ့ရလေပြီ။ ထို့ကြောင့် ယုတ်မာမှု နှင့် မကောင်းမှုတည်း ဟူသော တဆေးဟောင်း ဖြင့် မဟုတ် ဘဲ ရိုးသား ဖြောင့်မတ် မှု နှင့် အမှန်တရားတည်း ဟူသော တဆေးမပါ သည့် ပေါင်မုန့် ဖြင့် ပွဲတော်ကို ကျင်းပကြစို့။ အာလေလုယာ
ဧဝံဂေလိကျမ်း
ရှင်ယောဟန် ၂၀း၁-၉
၁ ရက်သတ္တပတ် ၏ ပထမနေ့နံနက်စောစောမှောင်နေဆဲအချိန် တွင် မာရိယာမာဒလေးနာ သည် သင်္ချိုင်းတော် သို့ လာ ၍ ကျောက်တုံး သည် သင်္ချိုင်းဂူဝမှ ရွှေ့ထား လျက် ရှိ သည် ကို မြင် ၏။ ၂ သို့ ဖြစ် ၍ သူမ သည် ပြေး ၍ စီမွန်ပေတရု နှင့် ယဇူးချစ် တော်မူ သောတပည့်တော်ထံ သို့ သွားပြီး လျှင် ထိုသူတို့ သည် သခင်ဘုရားကို သင်္ချိုင်းဂူမှဆောင်ယူသွားကြပါပြီ။ ကိုယ်တော့်ကို သူတို့အဘယ်မှာထားကြ သည် ကို ကျွန်မတို့မသိပါဟု တပည့်တော်တို့အား ဆို ၏။
၃ ထိုအခါ ပေတရု သည် အခြားသော တပည့်တော် နှင့် အတူ ထွက်လာပြီး သူတို့ သည် သင်္ချိုင်းတော် သို့ သွားကြလေ ၏။
၄ သူတို့နှစ်ဦးအတူပြေးသွားကြစဉ် အခြားသော တပည့်တော် သည် ပေတရုကိုကျော်လွန် ၍ သင်္ချိုင်းတော် သို့ ဦးစွာရောက်လေ ၏။
၅ သူ သည် သင်္ချိုင်းဂူအ တွင်း သို့ ငုံ့လျှိုး ၍ ကြည့် လျှင် ပိတ်အဝတ်ကျန်ရစ် သည် ကို မြင်ရ ၏။ သို့ သော်လည်း သူ သည် မဝင် ဘဲ နေလေ ၏။
၆ သူ ၏ နောက်မှလိုက်လာသောစီမွန်ပေတရု သည် ရောက်လာ ၍ သင်္ချိုင်းအ တွင်း သို့ ဝင်သ ဖြင့် ကျန်နေရစ်သော ပိတ်အဝတ်ကို လည်းကောင်း ၊
၇ ကိုယ်တော် ၏ ဦးခေါင်းပေါ်မှ ပုဝါ သည် ပိတ်အဝတ် များ နှင့် အတူမရှိ ဘဲ တစ်နေရာ တွင် သီးသန့်လိပ်ထား လျက် ရှိ သည် ကို လည်းကောင်း မြင်လေ ၏။
၈ ထို့နောက် သင်္ချိုင်းတော် သို့ ဦးစွာရောက်ရှိသော အခြားတပည့်တော် သည် လည်းဂူထဲ သို့ ဝင် ၍ တွေ့မြင် သောကြောင့် ယုံကြည်လေ ၏။
၉ အကြောင်း မူကား ကိုယ်တော် သည် သေ ခြင်း မှရှင်ပြန်ထမြောက်ရမည် ဟူသော ကျမ်းစကားကို သူတို့နားမလည်ကြသေးချေ။