Pathein Catholic Diocese Untitled Document
Untitled Document
ထိုင်းကက်သလစ်လူငယ်အမျိုးသမီးတစ်ဦး ထူးချွန်လူငယ်ဆုကို ရရှိ


Areeya Pongpit, a Youth Ambassador of Talitha Kum Thailand (Photo supplied)
ထိုင်းကက်သလစ်လူငယ်အမျိုးသမီးတစ်ဦး ထူးချွန်လူငယ်ဆုကို ရရှိ

ဇွန်လ (၆) ရက်နေ့တွင် ကက်သလစ်အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံအစိုးရထံမှ “လူကုန်ကူးမှုတားဆီးရေးတွင် လုပ်ဆောင်သည့် ထူးချွန်လူငယ်ဆုကို” ရရှိခဲ့သည်။

Areeya Pongpit သည် ထိုင်းနိုင်ငံ "Talitha Kum ("Little girl, arise") “သူငယ်မ၊ သင့်အား ငါအမိန့်ရှိသည်၊ ထလော့”၏ လူငယ်သံအမတ်ဖြစ်သည်။

မင်းရဲ့ ဂရုစိုက်မှုနဲ့ ရဲရင့်မှုအတွက် ကျေးဇူးတင်ချင်ပါတယ်” လို့ Areeya က ဆိုပါတယ်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ချီးမြှင့်ခြင်း ဖြစ်သည်။

Areeya နှင့် ထိုင်းအစိုးရထံမှ အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူကြောင်း Talitha Kum Thailand က ပြောသည်။

သူမသည် Talitha Kum Thailand ၏ တက်ကြွစွာ ထောက်ခံအားပေးသူ၊ စေတနာ့ဝန်ထမ်းနှင့် သံတမန်တစ်ဦးဖြစ်သည်။

ရှင်မာကု ၅း ၄၁ တွင်ရှိသော သေဆုံးသွားသည့် အမျိုးသမီးငယ်ကို သခင်ယေဇူးပြောခဲ့တဲ့ “သူငယ်မ၊ သင့်အား ငါအမိန့်ရှိသည်၊ ထလော့”“Talitha Kum” (“Little girl, rise”) ဟူသော စကားသည်  ကက်သလစ်သီလရှင်များ ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုကို ကမ္ဘာတဝှမ်းရှိ ကက်သလစ်သီလရှင်များ၏ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ထင်ရှားလာရန်ဖြစ်သည်

ထိုင်းနိုင်ငံရှိ ကက်သလစ်သီလရှင်များအသင်းဂိုဏ်းသည် ကျေးလက်ဒေသများမှ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ခြင်းနှင့် လူကုန်ကူးခြင်းမှ တားဆီးရန် နှစ်ပေါင်းများစွာ တစ်ဦးချင်းလုပ်ဆောင်ခဲ့သော်လည်း Tallitha Kum Thailand သည် ၂၀၁၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာဂိုဏ်းအကြီးအကဲများမှ ကမကထပြု၍ အသင်းဂိုဏ်းများသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်များကို အထူးလုပ်ဆောင်ရာတွင် စုပေါင်းပါဝင်လာစေရန် ကမ္ဘာတစ်ဝှမ်းလုံး၏တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့သည်။

Talitha Kum Thailand အတွက် ထိုကြိုးပမ်းမှု၏ အဓိက အစိတ်အပိုင်းမှာ အထူးသဖြင့် ထိခိုက်လွယ်သူများ- ဆယ်ကျော်သက်များကြားတွင် ပညာပေးခြင်းနှင့် အသိပညာများ မြှင့်တင်ပေးခြင်း ဖြစ်သည်။

Talitha Kum Thailand သည် ကက်သလစ်ကျောင်းများနှင့် လူမှုအသိုက်အဝန်းများ အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှုနှင့် အခြားသော လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအချက်များကြောင့် လူကုန်ကူးမှု ပိုမိုခံရလွယ်သည့် ကျေးလက်ဒေသများတွင် အသိပညာပေး ဟောပြောပွဲများကို အခါအားလျော်စွာ ပြုလုပ်ပါသည်။

Talitha Kum Thailand အဖွဲ့ဝင်များသည် အမျိုးသမီးများ၊ စေတနာ့ဝန်ထမ်း၊ လူမှုရေးလုပ်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတစ်ဝှမ်းရှိ ကက်သလစ်ကျောင်းများနှင့် အခြားအသိုင်းအဝိုင်းများတွင် ဆွေးနွေးပွဲများ ပြုလုပ်ရာ ပူးပေါင်းဆောင်ရွက်ပါသည်။

အဲဒီလို ဆွေးနွေးပွဲတွေကို ဘန်ကောက်မြို့ မြောက်ဘက် Phra Nakhon Si Ayutthaya ပြည်နယ်က ကျောင်းသား ၁၁၀၀ ခန့်ရှိတဲ့ Trirajvitthaya မှာ ကျင်းပပါတယ်။ အစည်းအဝေးများကို ကက်သလစ်ကျောင်းအသီးသီးတွင် လစဉ် အကြိမ်အနည်းငယ် ပြုလုပ်ပါသည်။

Talitha Kum Thailand ၏ ရည်မှန်းချက်မှာ ထိုင်းနိုင်ငံရှိ ကက်သလစ်ကျောင်း ၃၀၀ လုံးသို့ ပို့ဆောင်ရန်ဖြစ်သည်။

Talitha Kum Thailand သည် လိင်ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးမှုအန္တရာယ်အပြင် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ အန္တရာယ်များကို ရှင်းပြထားသည်။ ကျောင်းသားများသည် ထိုင်းနှင့် အခြားနိုင်ငံများတွင် သားကောင်များကို မြှူဆွယ်ရာတွင် အသုံးပြုသည့် အလုပ်အကိုင်ကောင်းများနှင့် လွဲမှားသောကတိများကို သင်ယူကြသည်။

ကျောင်းသားများနှင့် အမျိုးသမီးငယ်များကို သားကောင်မဖြစ်စေရန်နှင့် လူကုန်ကူးမှု၏အန္တရာယ်များကို သိရှိနားလည်စေပါသည်။ “Only 13: The True Story of Lon”—လိင်ခရီးသွားလုပ်ငန်းတွင် ထိုင်းမိန်းကလေးတစ်ဦး၏ဘဝအကြောင်း အသေးစိတ်ဖော်ပြသည့် စာအုပ်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ မလွယ်ကူသော်လည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရသည်။

Talitha Kum Thailand သည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် အသင်းဂိုဏ်းများမှ အလွှာပေါင်းစုံ ကြိုးပမ်းမှု၏ ရလဒ်ဖြစ်သည်။

2015 ခုနှစ် ဇူလိုင်လတွင် ထိုင်းအမျိုးသားနှင့် အမျိုးသမီး အကြီးတန်းအရာရှိများအသင်းသည် မစ်ရှင်တစ်ခုအဖြစ် Talitha Kum Thailand ကို လက်ခံကျင့်သုံးခဲ့ပြီး ကွန်ရက်တွင် အသင်းဂိုဏ်း 26 ဂိုဏ်း ပါဝင်ခဲ့သည်။

၎င်းတို့သည် အတွေ့အကြုံများကို မျှဝေကြပြီး၊ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးခံရသူများ ကယ်တင်ရေးကွန်ရက်၊ ကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများကို မျှဝေပြီး ကျောင်းများတွင် တင်ပြချက်များကဲ့သို့သော တင်ဆက်မှုများကို ကူညီလုပ်ဆောင်ပေးပါသည်။ -  ကမ္ဘာလုံးဆိုင်ရာကက်သလစ်သီလရှင်များ၏အစီရင်ခံချက်

Source: https://www.rvasia.org/church-asia/thai-catholic-woman-receives-outstanding-youth-award-working-human-trafficking



2022-06-10 06:27:48