Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်သာသနာ့အရေပေါ်တုန့်ပြန်ရေးအဖွဲ့မှ အစည်းအဝေးကျင်းပ


ဖာသာရ် ဝီဖရက်မြင့်စိုးမှ အဖွင့်ဆုတောင်းမေတ္တာစတင်ခြင်း
ပုသိမ်ကက်သလစ်သာသနာ့အရေပေါ်တုန့်ပြန်ရေးအဖွဲ့မှ အစည်းအဝေးကျင်းပ

ပုသိမ်ကက်သလစ်သာသနာ့အရးပေါ်တုန့်ပြန်ရေးအဖွဲ့မှ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အစီအစဉ်များချမှတ်ခြင်း အစည်းအဝေးကို မေလ ၄ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်တွင် သာသနာလုံးဆိုင်ရာတာဝန်ခံ ဖာသာရ်ဟင်နရီအိုင်ခလိန်မှ  အခမ်းအနား၏ရည်ရွယ်ချက်ကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြပြီး ဖာသာရ်ဝိဖရက်မြင့်စိုးမှ အဖွင့်ဆုတေင်းမေတ္တာဖြင့်အခမ်းအနားအစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့သည်။

အဖွင့်ဆုတောင်းမေတ္တာပြီးသည့်နောက် ဖာသာရ်အိုင်ခလိန်မှ မဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၂ ခုနှစ်ရဲ့ ၆ လပိုင်းကိုရောက်ရှိလားပြီး ပထမ ၆ လလို့သိခဲ့ကြပါတယ်။ အဲဒီပထမ ၆ လဟာ ခြောက်သွေ့ရသီဖြစ်တယ်။ အခုဆိုရင် စိုစွတ်တဲ့ရာသီကိုပြန်လည်ရောက်ရှိလာပြီး။ ဒီစိုစွတ်တဲ့ရာသီပြီးတဲ့နောက် နိုဝင်ဘာဒီဇင်ဘာမှာ ပြန်ပြီတဲ့နောက် ပွင့်လင်းရာသီကို ပြန်လည်ရောက်ရှိလာမှာဖြစ်ကြောင်းနဲ့ ဒီ ၆ လကို ဖြတ်ကျော်နိုင်ခြင်းက ကျေးဇူးတော်တစ်ခုဖြစ်ကြောင်း”အသိပေးမိန့်ကြားခဲ့ပါတယ်။

ဖာသာရ်အိုင်ခလိန်ကပဲ မိမိကိုယ်တိုင်တက်ရောက်ပါဝင်ခဲ့သော တောင်းကြီးကက်သလစ်သာသနာ့အစည်းအဝေးတွင်ကြားသိခဲ့ရသည့် ဒေသတွင်းပဠိပက္ခများကြောင့် အတိဒုက္ခရောက်နေကြရသူများအကြောင်းကို ပြန်လညဝေမျှပေးခဲ့ပါတယ်။

“ဒီအစည်းအဝေးဟာဆိုရင် အဖြစ်သဘောမျိုးလုပ်မဲ့အစည်းအဝေးပွဲမဟုတ်ပဲ ဖြစ်အောင်လုပ်မဲ့ အစည်အဝေးဖြစ်ကြောင်း၊ ကျန်ုပ်တို့ရောက်ရှိလာခြင်းဟာ တစ်နာရီ နှစ်နာရီ ထိုင်ခုံမှာထိုင်းပြီးအဖြစ်သဘောမျိုးမဟုတ်ကြောင်း၊ ဝေခြမ်းရေးနဲ့ပတ်သက်ပြီးတဲ့နောက် ကျန်ုပ်တို့ဘယ်လိုလုပ်ဆောင်လာခဲ့သလဲ၊ ဇွန်လာကနေစပြီးတော့ လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို နှစ်နာရီအတွင်းမှာဆွေးနွေးကြမှာဖြစ်ကြောင်း” ဖာသာရ်အိုင်ခလိန်မှ အမှာစကားမြွက်ကြားခဲ့ပါတယ်။

အမှာစကားပြောကြားပြီးနောက် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့မှ အစီအစဉ်ပူးပေါင်းဆောင်ရွက်ရသူ ဆရာဇင်မင်းထွန်းက တက်ရောက်လာသူများအား ပါဝင်ဆွေးနွေးအကြုံပြုတင်ပြကြဖို့ကို အားပေးတိုက်တွန်းခဲ့ပါတယ်။

ထို့နောက် ဝေခြမ်းရေးအဖွဲ့ခေါင်းဆောင် ဖာသာရ် ဂေးလ်ဘက်စွန်းစွန်းမှ ကျေးရွားများတွင်သွားရောက် ဝေခြမ်းပေးခဲ့ရာတွင်တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ သင်ခန်းစာများ၊ အကျိုးရလဒ်များကို အစီရင်ခံရှင်းလင်းတင်ပြခဲ့သည်။

ဝေခြမ်းရေးနှင့်ပတ်သက်သည့်မေးမြန်းချက်အချို့ကို ဆရာမနန့်စမ်းအေးမှ ပြန်လည်တုန်ပြန်ဖြေကြားပေးခဲ့သည်။

ဝေခြမ်းရေးအဖွဲ့အစီရင်ခံတင်ပြပြီးသည့်နောက် ဆက်သွယ်ရေးနှင့် ရှေ့နေရှေ့ရပ်ပြုခြင်းအဖွဲ့မှ ဆရာ မြတ်မင်းဇော်ကလည်း မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းဆောင်တာများအကြောင်းကို အစီရင်ခံတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတွင်တက်ရောက်လာသူထဲမှ ဖာသာရ် ပီဦးဝင်းသန်းမှလည်း ဝေခြမ်းရေးနှင့်ပတ်သက်ပြီး မိမိရဲ့အမြင်များကို အကြံပြုတင်ပြခဲ့သေးသည်။

ဖာသာရ် ဝင်းသန်းရဲ့ အကြုံပြုတင်ပြချက်နှင့်ပတ်သက်လို့ ဆရာဇင်မင်းထွန်းမှပြန်လည်တုန်ပြန်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အရေးပေါ်တုန့်ပြန်ရေးအဖွဲမှ ငွေကြေးစီမံခန့်ခွဲရေးအဖွဲဝင်တစ်ဦးဖြစ်သူ ဆရာမ နှင်းဒါလီအောင်က လိုအပ်နေသူများအား စားသုံးကုန်များ သွားရောက်ဝေမျှပေးခဲ့ရာတွင် ကုန်ကြခဲ့သော ငွေစာရင်းများကို အစီရင်ခံတင်ပြပေးခဲ့သည်။

ငွေကြေးအဖွဲ့အစီရင်ခံတင်ပြပြီးသည့်နောက် အစီအစဉ်ချမှတ်ရေးအဖွဲ့ မှာ တာဝန်ခံကိုယ်စား ဆရာဝီးလ်ဘတ်မှ အစီအစဉ်ချမှတ်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့သည်။

၎င်းနောက် ဖာသာရ် စွန်စွန်းနှင့် ဆရာသိုက်စိုးတို့က တင်ပြဆွေးနွေးရာတွင် မရှင်းလင်းသေးသည့်လုပ်ငန်းအကြောင်းအရာများကို ပြန်လည်ဖြေရှင်းတင်ပြပေးခဲ့သည်။

အစီအစဉ်ချမှတ်ရေးအဖွဲ့ခေါင်းဆောင် ဖာသာရ်ဘောစကိုမှ အစီအစဉ်ချမှတ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီးမိမိတွင်အတွေ့အကြုံမရှိခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုအားနည်းခဲ့ရကြောင်းကို အစီရင်ခံတင်ပြခဲ့သည်။

ဖာသာရ်ဖလောရင့်စ်အောင်ကျော်ဦးမှလည်း အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များအား အလုပ်လုပ်ရာတွင် အခက်အခဲများရှိကြောင်း၊ စိတ်အားမငယ်ပဲ ကြိုစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းအားပေးနှစ်သိမ့်ပေးခဲ့သည်။

နည်းပညာနဲ့ အရည်အချင်း မြင့်တင်ရေးအဖွဲ့မှ ဆရာအိုင်စီဒိုကိုကိုမှ ဖာသာရ်အိုင်ခလိန်နှင့်အတူ ပါဝင်တက်ရောက်ခဲ့သော တောင်းကြီးကက်သလစ်သာသနာ့အစည်းအဝေးပွဲမှ ကြားသိခဲ့ရသောအကြောင်အရာများကို ပြန်လည်ဝေမျှပေးခဲ့သည်။

အစည်းအဝေးအတွင်းဆွေးနွေးတင်ပြသုံးသပ်ချက်များနှင့်ပတ်သက်ပြီး ဖာသာရ်အိုင်ခလိန်မှ ပြန်လည်သုံးသပ်ဆွေးနွေးအကြံပြုခဲ့သည်။

အရေးပေါ်တုန့်ပြန်ရေးအဖွဲ့၏ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အစီအစဉ်များချမှတ်ခြင်း အစည်းအဝေးကို နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

သတင်း-ရေမွန်မန်းကျော်

 ၅ ဇွန်လ ၂၀၂၂

ပုသိမ်

 



2022-06-05 11:19:49