ဟင်္သာတဇုံ သာသနာပြုကလေးသူငယ် သင်တန်း
ဟင်္သာတဇုံ သာသနာပြုကလေးသူငယ် သင်တန်း
” ဟင်္သာတဇုံသာသနာပြုကလေးသူငယ် သင်တန်း ” ပုသိမ်ဂိုဏ်းအုပ်သာသနာ ဟင်္သာတဇုံ ဓမ္ဘီလူငယ်ဗဟို ကျောင်းစု၌ သာသနာပြုကလေးသူငယ် သင်တန်းကို ၂၀၁၉ ဒီဇင်ဘာလ ၂၇ မှ ၃၀ ထိ ၃ ရက်တာပြုလုပ်ခဲ့ပါသည်။ ဤ သင်တန်းကို လူငယ်တာဝန်ခံ Fr Gilbert Sune Sune တို့အဖွဲ့မှ ဦးဆောင်ကာ စင်ကာပူနိုင်ငံမှ Lay Canossian မှ ဆပ်ကပ်လူငယ်များ သင်တန်းတွင် ၃ ရက်တာ ပို့ချဝေငှခဲ့ကြပါသည်။ ပုသိမ်ဆရာတော်ဂျွန်မန်းဆိန်းဟှီမှ လည်း သက်ထွေးများ အား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မစ္ဆားတရားဖြင့် ပူဇော်ခဲ့ပြီး သာသနာပြုကလေးသူငယ်များအား အားပေးစကားပြောကြားခြင်း၊ သက်ထွေးများ နှင့်အတူ နံနက်စာ သုံးဆောင်ခြင်း ကိုပြုလုပ်ကြပါသည်။ သင်တန်း ကာလ တွင် သာသနာအလိုက် အကပြိုင်ပွဲ၊ အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲများ၊ ဘုရားစကားသင်ကြားခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။ ဟင်္သာတဇုံ သာသနာပြုကလေးသူငယ် သင်တန်းသို့ တက်ရောက်ကြသော သာသနာအသီးသီးမှ သက်ထွေးများ ၄၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာလ ၃၀ ရက် ညနေ ၇ နာရီ တွင် သင်တန်း ဆင်းပွဲကို ပြုလုပ်ကာ သာသနာပြုကလေးသူငယ် သင်တန်းကို အဆုံးသတ်ခဲ့ပါသည်။
OSC Pathein
2020-01-02 22:23:58