သြဂုတ် ၂၈၊ တနင်္ဂနွေ။
လုကာ၊ ၁၄ : ၁ ၊ ၇ - ၁၄
ပထမကျမ်း ဆီရတ် သြာဒ၊
နှိမ့်ချခြင်း ပါရမီ
လူတို့ အဆင့်မြင့်မြင့်၊နေလိုကြတယ်ယုံကြည်ခြင်းအရဆိုပါရင်၊ လူတို့အဲလို ဖြစ်အောင် ဖန်ဆင်းခြင်းခံရ၊အဆင့်မြင့်နေလိုတဲ့ သဘာဝ ကိုဘုရားကလည်း မချိုးနှိမ် လိုပါ၊အမြင့်မှာထားဖို့၊အစီစဥ် ရည်ရွယ်ချက်၊ရှိပါတယ်၊။ဒီကနေ့ သခင်မိန့်တဲ့ နှိမ့်ချခြင်း၊ရှိပါကလည်း၊အမြင့်နေဖို့ ကြိုးစားကြသူတွေကို၊အမြင့်ဆုံးမှာ နေရာပေးဖို့ပါ။လောကလူသား၊ပင်ကိုယ်စွမ်းရည်နဲ့လိုက်မမီနိူင်တဲ့၊ဘုရားန်ူင်ငံတော်မှာနေရာပေးဖို့ ရည်ရွယ်တယ်။
ဒုတိယ ကျမ်း ဟေဗြဲ သြဝါဒ စာမှာ၊ဘုရားက၊လူကို မွေးစားသားသမီးများ အဖြစ်ထားဖို့ ရည်ရွယ်တယ်။နှိမ့်ချပါ ဆိုတော့ ငါဖြင့်ရှုံးသွားပြီစိတ်နဲ့ လက်မခံရ၊ အနှိမ်ခံရ၊အထင်သေးစိတ်နဲ့ လက်ခံမရပါ။အမြင့်ဆုံးအဆင့်မှာ ထားပေးနိူင်ဖို့၊ပထမခြေလှမ်း အစပြုလိုက်ခိုင်းတာဖြစ်တယ်၊ ဘုရားက လူကို နှိမ်ဖို့အစီစဥ် လုံးဝမရှိပါ၊အနှိမ်ခံ၊အဖိခံ၊မတရားညှင်းပန်းခံ၊ဆင်းရဲသား၊အကုန်လုံးတို့ ဘက်မှာ အမြဲနေတယ်ဆိုတာ၊ သခင်ကိုယ်တိုင်က လူ့ဇာတိအဖြစ်ခံယူခြင်းက သက်သေပြတယ်
သခင်ကိုယ်တိုင် မတရားနှိပ်စက်ခံ၊အသေ သတ်ခြင်းခံ ကာ ထိုသူများနဲ့တစ်သားတည်းလို့ ပြခဲ့တယ်။ သူရဲ့နှိမ့်ချခြင်းကို ပြခဲ့တယ်၊ အနှိမ်ခံများနှင့်အမြဲ ထပ်တူပြု ဘုရားဖြစ်တယ်။
သခင်ကိုယ်တိုင်၊နှိမ့်ချပြီး လူသားရှေ့မှာ ပေးလာတာကို လက်ခံဖို့၊သူကိုယ်တိုင် ခယတောင်းပန် ပေးဆက်ပြခဲ့တယ်၊ ကျမ်းစာမှာ၊ နှိမ့်ချသူများကို ပြန်လည် ချီးမြှောက်မယ်ဖော်ပြတယ်။ဒီလုပ်ငန်းတော်တွက်သခင်ကိုယ်တိုင် စံပြ နှိမ့်ချခဲ့တယ်။
ယုံကြည်သူတွေကို နှိမ့်ချခိုင်းတာက၊သူလုပ်ပြသလို ၊နောက်ကလိုက်ပါလုပ်ဆောင်စေခြင်း ဖြစ်ပြီး၊ သူနှင့်အတူ ထာဝရ စိုးစံဖို့ ဖြစ်ပါတယ်။
အပေါ်ကနေ၊အာဏာစက်နဲ့ကယ်တာမဟုတ်ဘဲ၊ နှိမ့်ချခြင်းနဲ့ ကယ်တင်ခဲ့တာပါ၊ ကျမ်းချက်များစွာမှာ တမန်တော်များရေးတာ၊နှိမ့်ချသူကို ဘုရားချီးမြှောက်မှာ အသေချာပါ။မယ်တော်ရဲ့ နှိမ့်ချမှု၊ ဘုရားကအမြင့်ဆုံးထိ ချီးမြှောက်လိုက်တယ်။လုကာကျမ်းနဲ့တမန်တော်ကျမ်းကိုရေးသူ တစ်ဦးတည်းလို့ ပညာရှင်တို့သဘောတူညီကြတယ်။
နှိမ့်ချတာက၊အနာရတာမဟုတ်၊အသာ ရသွားခြင်းဖြစ်တယ်၊ ရှုံးတာမဟုတ်၊ အမြတ်ရဖို့ပါ၊ နိမ့်ပါး သွားတာမဟုတ် အမြင့်သို့အတင်ခံလိုက်ရခြင်းဖြစ်တယ်။အရှိကို အရှိအတိုင်း လက်ခံလိုက်ခြင်း ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းအောင် မကောင်းမြင်အောင်၊အားငယ်အောင်၊လုပ်ခိုင်းတာမဟုတ်ပါဘူး၊ သမ္မာတရားကိုဖက်တွယ်လိုက်ခြင်းဖြင့် ဖြစ်နိူင်ခြေအရှိဆုံး ကိုယ့်ရဲ့ ခွန်အားတစ်ခုကိုပြန်တွေ့မိစေဖို့၊နှိမ့်ချခိုင်းခြင်းပါ။သခင့်ဆီမှာ အသက်ရဖို့၊ ကိုယ့်တွက်အကြီးမားဆုံး တန်ဖိုး ကိုရပြီး၊ကိုယ်တိုင် ယုံကြည် စိတ်ချရမှု ရဖို့အတွက်၊နှိမ့်ချ ခိုင်းတာဘဲ ဖြစ်တယ်။
ထာဝရအသက်၊ ကယ်တင်ခြင်း၊နိူင်ငံတော် ရဖို့အတွက် မိမိစွမ်းအားသက်သက်ဖြင့်တော့မရနိူင်မရောက်နိူင်၊ သူပေးလာခြင်းသာ ဖြစ်တယ်ဆိုတာကို လက်ခံလိုက်ခြင်းဟာ၊နှိမ့်ချခြင်းရဲ့ အရေးကြီးဆုံးသော အခြေခံအချက်၊ဖြစ်တယ်၊ ဒီနေ့ သခင် ခိုင်းတာ ဒီအချက်ပါ။ကျမ်းတတ်ဆရာ၊ ဖရိရှဲ တို့ မလုပ်နိူင်မလုပ်ကြလို့ သူတို့ကို ရည်ညွှန်းသလိုကျွန်ပ်တို့ကိုလည်း ရည်ညွှန်းတယ်။
လူမှုဝန်းကျင်မှာ နှိမ့်ချတဲ့သူက၊သူ့ရဲ့ကြီးမြတ်မှုကို ဖော်ပြနေတယ်၊ လူတိုင်းက၊အထင်ကြီးကြတယ်။သခင်ရဲ့ သွန်သင်မှုက လူမှုဝန်းကျင်ထက်ကျော်လွန်၊ နိူင်ငံတော်ထိတိုင်၊သူ့လမ်းစဥ်ကို လိုက်လျှောက်ဖို့ ညွှန်ကြားတာဖြစ်တယ်။နှိမ့်ချခြင်းက၊နှိမ့်ချသူများနဲ့အတူနေခြင်းက သခင့် လမ်းစဥ်ပါ၊ သခင်ခိုင်းတာမလုပ်နိူင်သေး၊ မနှိမ့်ချနိူင်သေး ဖြစ်နေရင်၊ကြိုးစားနိူင်ဖို့ သူ့အကူညီကိုဘဲ ပြန်တောင်းရမှာ ဖြစ်တယ်၊ဒီပါရမ်ီကျင့်ဆောင်နိူင်ဖို့ ကျေးဇူးတော် တောင်းခံရယူကြစို့။
ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။
Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုမျှဝေချက်ကို ပြန်လည် ဝေမျှပေးပါသည်။