Pathein Catholic Diocese Untitled Document
Untitled Document
ဘုရားနိူင်ငံတော်၊ တမန်တော်များ ဘယ်လိုနားလည်

၁၉ ကြိမ်သာမန် အင်္ဂါနေ့။

သြဂုတ်၊ ၉ ရက်။

 

ရှင်မဿဲ၊ ၁၈ 

ငယ် ၁ မှ ၅၊ ၁၀၊၁၂ မှ ၁၄။

ဘုရားနိူင်ငံတော်၊

တမန်တော်များ ဘယ်လိုနားလည်။

နိူင်ငံတော်မှာ ဘယ်သူက အကြီးမြတ်ဆုံး ဖြစ်မှာလဲ၊တမန်တော်များက မေးကြသည်။သူတို့သိတဲ့ လူ့လောက နိူင်ငံလိုရာထူး၊ ဌာနန္တရ၊ အဆင့် ကွာခြား၊ကြမည် ယူဆကြသည်။ကြိုးစားအားထုတ်မှု၊ ပေးဆက် မှုပေါ်မူတည် ကွားခြားမည် တွက်ဆသည်၊နိူင်ငံတော်ဟာ လူလုပ်လို့ ရတာမျိုးမဟုတ်ဘူး၊သခင် ရှင်းပြသည်။

တမန်တော်များ နားလည်ထားမှုလွဲနေပါတယ်။အခြေခံကစပြီးကိုလွဲမှားနေခြင်းပါ။လူက ကျင့်ကြံအားထုတ်လို့ ရလာတာမျိုး ပုံဆောင်နေတယ်။သူတို့က အများထက် ပိုပြီးစွန့်လွှတ်ရလို့၊ ထိုက်တန်တဲ့ အခြေနေမျိုး၊နိူင်ငံတော်မှာ ပေးရမယ် ပုံ၊ဖြစ်နေတယ်။

နိူင်ငံတော်ဟာ လူကစတင် ကြိုးပမ်းလို့ ရတဲ့ အရာ မဟုတ်၊ ဘုရားကသနားခြင်း သက်သက်ကြောင့်၊ပေးလာတဲ့ လက်ဆောင် ဘဲဖြစ်တယ်။

လူ့အစွမ်းအစ တစ်ခုတည်းနဲ့ ဘယ်တော့မှ မရနိူင်တဲ့၊အရာလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ရဖို့ဆိုရင်၊သူပေးလာတာကို နှိမ့်ချစွာ လက်ခံယူရမဲ့အရာသာ ဖြစ်တယ်။ not makingလုပ်ယူရအရာမဟုတ် but recevingလက်ခံရတဲ့ အရာ ဖြစ်တယ်။

ကလေးငယ် တစ်ဦးကဲ့သို့ မိမိကိုယ်ကို မှတ်ယူပြီး၊သူပေးလာသမျှကိုလက်ခံခိုင်းလိုက်ခြင်း၊ ဖြစ်ပါတယ်။သခင် ဥပမာပေးတဲ့ ကလေးငယ်၊ကအပြစ်ကင်း၊အရာရာအပေါ်မှီခိုနေ၊အဖြစ်ထက်မက၊ကိုယ့်ကိုယ်ကိုဘာမှမဟုတ်ဘူး၊စိတ်နှလုံး နှိမ့်ချ၊အနေကိုပြောလိုခြင်းပါ။

ဘုရားနဲ့ ယှဥ်လာရင်ကျွန်ပ်တို့ ကိုယ်ကို ဘာမှ မဟုတ် စိတ်မျိုး အမြဲထားရပါမယ်။တမန်တော်တို့က ငါတို့ ဒိလောက်အားစိုက် လုပ်ကိုင်ကြရတာနဲ့ညီမျှတာကို ရထိုက်တဲ့ သဘော၊ငါဆိုတဲ့အရာ၊ငါလုပ်လို့ ရတာ၊ဆိုတဲ့သဘောပါနေတယ်၊ ငါ ဆိုတာ ရှိနေတဲ့အခြေနေတွေ့ရတယ်။ဒီ ငါ ဆိုတာဖျောက်ဖို့ ကလေးငယ် ပြကာ လမ်းတည့်ပေးလိုက်တယ်၊ ဒီလိုမှ ကောင်းကင်နိူင်ငံ လက်ခံရယူနိုင်မယ်ဖြစ်တယ်။

ရှေးဂျူးလူ့အဖွဲ့အစည်းမှာ ကလေးတွေတွက် နေရာမရှိ၊ နေရာမပေးကြ၊စာရင်း မသွင်းကြပါ၊ သခင်က ကလေး များနဲ့ ထပ်တူ ပြုတယ်။နေရာမရှိ အဆင့်တန်းမရှိသူများအားဖြင့် လူ့အသိုင်းအဝိုင်းမှာ သခင်ရှိနေမယ် ပြောလိုသည်။နှိမ့်ချသူများလူ့စာရင်းသွင်းမခံကြရသူများ၊အားဖြင့် သူတို့ အနေနဲ့ လူ့အဝန်းဝိုင်းမှာသခင် ဆက်ရှိနေမယ်လို့ ပြောပြလိုက်ခြင်းပါ။

အငယ်ဆုံးသောသူကို လစ်လျူပြုလျှင်၊ ငါ့ကို ပြုတယ်၊ သခင်ဆက်ရှိနေမယ်၊သူ့ရဲ့ မျက်မှောက်တော်ဆက်ရှိနေမယ်၊ဒါ့ကြောင့် အဖွဲ့စည်းမှာ၊ ကိုယ့်အနီးမှာ ဒုက္ခ ရောက်နေသူအပယ်ခံ၊ အကန့်သတ် ခံထားရသူများ အားဖြင့် ဘုရားဟာ တို့နဲ့အတူရှိလို့နေတယ်။သူတို့ကို လစ်လျူမပြုကြဖို့အထူးသတိထားရမှာဖြစ်တယ်၊တစ်ဦးစီတိုင်းဟာ သခင်ကယ်တင်ဖို့စာရင်းထဲ ပါနေတယ်။လောကမှာအရေးမကြီးဆုံး၊ လူတို့သတ်မှတ်ချက်အရ အငယ်ဆုံး၊ တစ်ဦးစီကိုသခင်က ဆုံးရှုံး မခံနိူင်ပါ၊ ဒါကြောင့်တို့တွေ ကိုယ့်တန်ဖိုးကို သိကြရမှာပါဘုရားဟာ သူကိုယ်တိုင် ရင်းပြီးကယ်တင်ခဲ့တယ်၊ ကိုယ်တိုင် နဲ့ တန်ဖိုးတူ ထားတယ်၊ သူကိုယ်တိုင်နဲ့အလဲ အထပ်ပြုပြီး တို့ကို ရွေးခြယ်ခဲ့တာ ဖြစ်တယ်။ 

ဘုရားက တို့ တစ်ဦးစီ ဘယ်လောက်ချစ်လဲ ဆိုတာကို သိဖို့ဘဲ ဖြစ်တယ်။၉၉ ကောင်ပို ထားခဲ့ပြီး တစ်ကောင်လိုက်ရှာတယ် ဆိုတာ လောက တွက်ချက်ပုံ ယုတ္တိအရ မကိုက်ပါဘူး၊သူ့ရဲ့ ချစ်ခြင်း ဟာ နားမလည်နိူင်ပုံစံမျိုးနဲ့ တစ်ယောက်စီကို ချစ်တယ်တစ်ယောက်စီကို ဆုံးရှုံး မခံနိူင်ဘူးဆိုတာ မှတ်ယူပြီး၊ တို့များတစ်ဦးစီဟာ သခင် အဲဒီလောက်တောင် ချစ်ရတဲ့ သူပါလား သိပြီး ကိုယ့်ရဲ့ အဆင့်တန်း ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပိုမိုပြီး သိရှိနိူင်ဖို့ ကြိုးစားအားထုတ်ကြပါစို့။

ခွန်အား၊ အသက်၊ ရကြစေ။

အသီးကောင်းများ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒ ဝေမျှသည်။

gospel reflection