သြဂုတ် ၂၊ အင်္ဂါနေ့။
သခင်၏ ဖော်ပြခြင်း၊ပေးခြင်း
ယုံကြည်ခြင်း အခြေခံ သဘောအရ၊ဘုရားသခင်က အဖြစ်တော်ကို ဖွင့်လှစ် ပြသ သည်မက၊ပေးလည်း ပေးပါတယ်၊ ရှိတာအကုန်ပေးတယ်။ အသက်တာ ၊ ဘုန်းဂုဏ်တော် ၊ချစ်ခြင်း ၊ ရှိသမျှ အားလုံး လူသားတွေကို ပေးတယ်။ဘုရားရှင်က၊ သခင်အားဖြင့် ဖော်ပြသည်သာမက၊ ပေးလာတဲ့ ဘုရားလို့ကျွန်ပ်တို့ နားလည် လက်ခံ ယုံကြည်ကြတယ်။
မဿဲ ၁၄၊ ၂၂ ၃၆ မှာ သခင်ရေပေါ်လမ်းလျှောက်တာကို ဖတ်ရတယ်။တမန်တော်ပေတရု၊ရေပေါ်လျှောက်ကာ အထံတော်သို့ လာပါရစေ၊တဲ့သခင်က သူဘာလဲဆိုတာ တမန်တော်များကို ဖော်ပြလိုက်တယ်၊ ရှေး ဓမ္မဟောင်းကာလကပင်ဖော်ပြ၊နားလည်၊ကျမ်းစာအသုံး အဲဒါငါဘဲ။ဘုရား ဖြစ်ကြောင်းပြောလာခြင်းပါ။ ရေနစ်တော့မဲ့ ပေတရု ကို လက်ဆန့်ဆွဲယူ လိုက်ခြင်းက၊ ဆာလံ ဖော်ပြဘုရားရှင်ရဲ့ကယ်တင်ခြင်း ဆိုင်ရာ အပြုအမူဖြစ်တယ်။ဆာလံ ၁၀၇ မှာယောန ၁၊ ဘုရားရှင်က ပင်လယ်လေ လှိုင်း သဘာဝ ကို ငြိမ်သက်စေ၊သတ္တလောကအပေါ်သြဇာရှိတာကို၊ပြသတယ်၊ ဘုရားသခင် ပိုင်ဆိုင်တဲ့ဘုန်းဂုဏ်တော်များကို သခင်ပိုင်ဆိုင်တယ်ဆိုတယ်၊ ဘုရားဖြစ်တာကိုဖွင့်ပြလိုက်ခြင်းဖြစ်တယ်။ဖွင့်ပြခြင်းနဲ့ဆက်ကာ ပေးလာတဲ့ အကြောင်း ကြည့်ကြမယ်။တမန်တော်အားလုံးကိုယ်စား၊ရှင်ပေတရု တောင်းဆိုမှုတစ်ခုကို၊ရုတ်တရက် ပြုလိုက်တယ်၊ရုတ်တရက် ဆိုပေမဲ့၊လူသားထု တစ်ရပ်လုံးနှလုံးသားမှာ ကိန်းအောင်းနေတဲ့၊ ပြင်းပြတဲ့၊ဆန္ဒကြီးဘွားကနဲ ပေါ်လာခြင်းဖြစ်တယ်။စပ်စုခြင်း မဟုတ်ဘဲ ဘုရားလုပ်တဲ့အလုပ်မျိုး လုပ်ချင်တယ်၊ ဘုရားရေပေါ် လမ်းလျှောက်တာ မြင်လို့သူလည်းလျှောက်ခြင်တယ်၊ဘုရားနဲ့တစ်တန်းတည်း ဖြစ်ချင်တဲ့ ဆန္ဒပါ။ဘုရားကဲ့သို့ ဖြစ်လိုခြင်းဟာ၊ လူ တို့အနက်ရှိုင်းဆုံး နှလုံးသားထဲ ကိန်းနေတဲ့ ပြင်းပြတဲ့ ဆန္ဒ တစ်ရပ်ပါ။ဘုရားက လူတို့ ဆန္ဒ ကို မငြင်းပယ်ပါဘူး၊ ဖြစ်ချင်တဲ့ ဆန္ဒကို ဘုရားမှာဘဲ ပြန်ရှာဖွေ စေခဲ့တယ်၊ မင်းကွာမတန်မရာ မလုပ်ချင်နဲ့၊ မမှန်းပါနဲ့၊မပြောဘူး၊ လာခဲ့ လျှောက်ကြည့်ပါ၊အမှန်တကယ်လည်း ရှင်ပေတရု ကိုရေပေါ် လျှောက်စေ နိူင်ခဲ့တယ်။ဘုရားကဲ့သို့ ဖြစ်ချင်ခြင်း ဆန္ဒကိုဘုရားကသူ့အကူအညီနဲ့ ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်တယ်။ ဒီဆန္ဒကိုသခင်၌ သာ ပြန်လည်ဖြာ်းဆည်းဖို့သာ အရေးကြီးတာပါ။
သခင်၌သာ အာရုံစိုက်၊ စွဲလန်းချိန်ဆန္ဒ ပြည့်ပါတယ်၊သခင့်ထံမှာဘဲအာရုံ စိုက်ချိန် ရှင်ပေတရု ရေပေါ် လျှောက်နိူင်ခဲ့တယ်၊ လှိုင်းလေပမာလောကဖက် အာရုံပြောင်းလိုက်ချိန်ဒီ ဆန္ဒ မဖြည့်ဆည်းနိူင်တော့ဘဲ၊ ရုတ်တရက် ပျက်ပြယ်ပါတော့တယ်။ဘုရားပေါ်မှာ အာရုံ စိုက်နေသမျှ၊သည်ဆန္ဒ ပြည့်ဝနေပါမယ်။ဘုရားကဲ့သို့ ဖြစ်ချင်တဲ့ ဆန္ဒကို၊ဘုရားက မတားပါဘူး၊ ပေးပါတယ်၊သခင်နဲ့တန်းတူသခင်ရဲ့ ညီကိုအဖြစ်အမြဲ တင်မြှောက်၊ မိတ်ဆွေ အဖြစ်၊ထားပြီး ဒီအဆင့်ကို ပေးပါတယ်။ဘုရားကဲ့သို့ ဖြစ်ချင်တဲ့ ဆန္ဒ အမြဲပြည့်ဝစေဖို့တွက်၊ သခင့်ကို အမြဲယုံကြည်နေရမယ်၊ အမြဲ သူကိုဘဲအာရုံ ပြုနေရပါမယ်။လောကကြီးကို လုံးဝ လစ်လျူပြုဂရုမစိုက်ဖို့ မပြောပါ။လောကကြီးရဲ့အဖြစ်ပျက်တွေ၊အခြနေတွေကို၊အကင်းပါးစွာခွဲခြမ်းစိတ်ဖြာ၊သုံးသပ်၊ပြီး ဘဝတွက် လုပ်ရန် ရှိသည် ကို လုပ်ဆောင်နေကြပြီး၊ဘုရားကဲ့သို့ ဖြစ်လိုသော၊ဆန္ဒကိုဘုရား၌သာဘဲ ရှာဖွေ ကြဖို့အရေးကြီးပါတယ်၊ သခင့်ကို ပိုပြီး အာရုံစိုက်နိူင်လေ၊ ပိုပြီးယုံနိူင်လေလေ၊ဆန္ဒ ပိုပြည့်နိူင်လေ ဆိုတာကို၊ မှတ်ယူ ကြရမှာ ဖြစ်ပါတယ်။ခွန်အား၊ အသက်၊ ရကြစေ။အသီးကောင်းများ သီးစေ။
( Fr.Florence သြဝါဒ ဝေမျှသည်။)