Pathein Catholic Diocese Untitled Document
Untitled Document
ဝိညာဉ်တော်ကိုစေလွှတ်မည့်အကြောင်း

မေလ ၂၄၊ ၂၀၂၂

အင်္ဂါနေ့

ရှင်ယောဟန် ၁၆း ၅-၁၁

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့.

ဒီနေ့သခင်ခရစ်တော်ပြောနေတဲ့စကားတွေ ဒီရက်တွေမှာ ဖတ်ရတဲ့ဧဝံဂေလိကျမ်းတွေအားလုံးဟာ သခင်ခရစ်တော်ဟာ ဒီလောက ကနေထွက်ခွာသွားရမဲ့အချိန်နီးကပ်လာတယ် သူ့ရဲ့တပည့်တော်တွေကို စွန့်ခွာပြီးတဲ့နောက်ထွက်ခွာသွားရမှာဖြစ်တဲ့အတွက် မှာသင့်မှားကြားအပ်တဲ့စကားလေးတွေမှာကြားပြီးတော့ သတိပေတာဖြစ်တယ်။ မိမိဒီလောက ကနေတကယ်ပဲထွက်သွားတဲ့အခါမှာ မိမိတပည့်တော်တွေအနေနဲ့စိတ်ပျက်ဝမ်းနည်းပြီးတဲ့နောက် စိတ်ဓာတ်ကျလက်လျော့နောက်ဆုတ်သွားတာမျိုးမဖြစ်ပဲနဲ့ ဆရာသခင်သူတို့နဲ့မရှိတော့တဲ့နောက်ပိုင်းအချိန်လေးမှာ စိတ်ဓာတ်အင်အားအပြည့်နဲ့ သတိရှိရဲရင်စွာဖြတ်ကျော်နိုင်ဖို့ရန်အတွက် ကိုယ်တော်ဘုရားက သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။ သူတို့ကိုခွန်အားပေးနေတာဖြစ်ပါတယ်။ အမှန်တော့ သခင်ခရစ်တော်က နုတ်ဆက်စကား၊ ခွဲခွာစကားသူတို့ကိုပြောနေတာြဖစ်ပါတယ်။ ဒီနုတ်ဆက်စကားသံ၊ ခွဲခွာစကားသံလေးတွေကို ကြားနေရတဲ့အခါမှာ တပည်တော်တွေအနေနဲ့ လွန်စွာဝမ်းနည်းပြီးတဲ့နောက် စိတ်နှလုံးမသာမယာဖြစ်ခဲ့ကြတာအမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဆရာသခင်ရဲ့နောက်ကို ဘဝစွန့်ပြီးအရာအားလုံးကို စွန့်ပြီးတဲ့နောက် လိုက်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုက်လာခဲ့ခြင်းရဲ့နောက်မှာ မျှော်လင့်ချက်တွေတန်းစီးပြီးပါလာမှာပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေဟာ မကြာခင်အချိန်တွင်းမှာ ကုန်ဆုံးသွားတော့မဲ့အချိန်မျိုး ဆရာသခင်ဟာသူတို့အားကိုးရတဲ့ သူတို့လေးစားရတဲ့ဆရာသခင်ဟာ မကြာခင်သူတို့ဘဝထဲကနေ ပျောက်ကွယ်သွားတော့မဲ့အခြေအနေမျိုးကို ရင်ဆိုင်ကြရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့တွေစိတ်နှလုံးဝမ်းနည်းကြေကွဲကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ သခင်ခရစ်တော်ကပြောတယ်။ ငါကတော့မသွားလို့မရဘူး။ ဒါပေမဲ့ ငါသွားတဟာ မင်းတို့ရဲ့အကျိုးအတွက်ဖြစ်တယ်။ ငါမသွားလို့ရှိရင် မင်းတို့ကို ကူညီစောင်မမဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကြွလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ငါမင်းတို့ထံကနေ ထွက်ခွာသွားခြင်းဟာ မင်းတို့အကျိုးအတွက်ပဲဖြစ်တယ်။ ဒါကြောင့်မို့အဲဒီအတွက် ဝမ်းမြောက်ပျော်ရွှင်ဖို့ သခင်ဘုရားကနေပြီးတဲ့နောက် သူတို့ကို သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။

ဒီကနေ့ ဧဝံဂေလိကျမ်းကို ဆက်လက်ပြီးတဲ့နောက်ဖတ်လိုက်တဲ့အခါမှာ ဘာတွေ့ရမလဲဆိုတော့ သခင်ခရစ်တော်ဟာ သူတပည်တော်တွေကို ထားခဲ့ပြီးတဲ့နောက် ထွက်ခွာသွားတော့မှာ ဖြစ်ပေမဲ့လို့ တပည့်တော်တွေကို ဒီအတိုင်းပစ်ထားခဲ့တာမဟုတ်ဘူး။ သူတို့ကို ကူညီစောင့်ရှောက်ဖို့ သူတို့အတွက် အလွန်လိုအပ်နေတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို သူတို့နဲ့အတူထားခဲ့ပြီးတဲ့နောက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၌ သူဟာသူ့ရဲ့တပည့်တွေနဲ့ဆက်လက်တည်ရှိနိုင်ဖို့ရန်အတွက် ကိုယ်တော်က ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီလိုပြင်ဆင်နေတာဖြစ်တဲ့အကြောင်းကိုလည်း မိမိရဲ့တပည့်တော်ကြီးတွေကို သတိပေးနေတာြဖစ်ပါတယ်။ သခင်ခရစ်တော် ဒီလောက ကနေထွက်ခွာသွားမှသာ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကြွလာမှာဖြစ်ပါတယ်။

သခင်ခရစ်တော်ဒီလောက ကနေမထွက်ခွာမချင်း သန့်ရှင်းသောဝိညာဉ်တော်ဟာ ဆင်းကြွလာမှာမဟုတ်ဘူးဆိုတာ ဒီနေ့ သခင်ဘုရားက သတိပေးနှိုးဆော်နေပါတယ်။ လူသားတွေမပြစ်ထဲကို ကျရောက်သွားပြီးတဲ့နောက်မှာ ဘုရာသခင်က ဒီလူသားတွေကို ပြန်လည်ကယ်တင်ဖို့ရန်အတွက် ကယ်တင်ခြင်းစီမံကိန်းကြီးကို ရေးစွဲတဲ့အခါမှာ လုပ်ဆောင်မှုအဆင့်ဆင့်ရှိခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ခမည်းတော်ဘုရားက ဖရောဖက်တွေသူ့ရဲ့တမန်တော်တွေအားဖြင့် လူသားတွေကို ဆုံးမသွန်သင်လမ်းပြပြီးတဲ့နောက် ပြုပြင်ပုံသွင်းပေးခဲ့ပါတယ်။ ဒီလူတွေအားလုံးကို ကယ်တင်ခြင်းပြန်လည်ရရှိနိုင်ဖို့ရန်အတွက် လူတွေအထဲကနေပြီးတဲ့နောက် လူမျိုးစုတစ်စုကို ရွေးနုတ်ပြီးတဲ့နောက် မိမိရဲ့နိုင်ငံကို တည်ဆောက်ခဲ့တယ်။ မိမိရဲ့လူမျိုးတော်ကိုတည်ဆောက်ပြီးတဲ့နောက် ကမ္ဘာကြီးကို မိမိရဲ့ ဒီလူမျိုးအားဖြင့် ကယ်တင်ခြင်းလုပ်ငန်းဆက်လုပ်သွာဖို့ရန်အတွက် ကိုယ်တော်ပြင်ဆင်ခဲ့ပါတယ်။ ဒါကိုတော့ အီစရာအဲလ်လူမျိုးလို့ခေါ်ပြီးတဲ့နောက် ခမည်းတော်ဘုရားဟာ အီစရာအဲလ်လူမျိုးတွေကို ပရောဖက်တွေအားဖြင့် မိမိစေလွှတ်တဲ့တမန်တော်တွေအားဖြင့် ပြုပြင်ပုံသွင်ပေခဲ့ပါတယ်။ အချိန်တန်တဲ့အခါကျတော့မှ သားတော်ဘရားကို ဒီလောကကို စေလွှတ်ပြီးတဲ့နောက် ကယ်တင်ခြင်းကို လုပ်ဆောင်စေခဲ့ပါတယ်။ သားတော်ဘုရားရဲ့ ကယ်တင်ခြင်းလုပ်ငန်းဟာလည်း ဒုက္ခခံခြင်း၊အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ ကယ်တင်းလုပ်ငန်းရဲ့ အထွတ်အထိတ်လုပ်ငန်းတွေပြီးဆုံးသွားတဲ့အခါမှာ သခင်ခရစ်တော်ကောင်းကင်နိုင်ငံပြန်လည်တက်ကြွသွားခြင်းနဲ့အတူ သားတော်ရဲ့တာဝန်ကလည်း ပြီးဆုံးသွာခဲ့ပါတယ်။ သားတော်ရဲ့တာဝန်ပြီးဆုံးသွားတဲ့အခါမှာ သာတော်ဘုရားက ဒီလောကကို ယခုသန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်ပြီတဲ့နောက် ဆက်လက်ပြီးကယ်တင်ခြင်အတွက် ဝိညာဉ်တော်ရဲ့ သာသနာပြုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ရန်အတွက် အစပြုနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့သားတော်က ဒီလောက ကနေ ထွက်ခွာသွားပြီးတဲ့နောက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်မယ်ဆိုပြီးတဲ့နေက် ကတိပေးနေတာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့လူသားတွေကို ကယ်တင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ကျန်ုပ်တို့ပြန်ပြီးတဲ့နောက် သုံးသပ်ကြည့်မယ်ဆိုရင် အဆင့်သုံးဆင့်ရှိပါတယ်။ ခေတ်သုံးခေတ်ရှိပါတယ်။ ပထမဦးဆုံးခေတ်ကတော့ ခမည်းတော်ဘုရားခေတ်၊ ခမည်းတော်ဘုရားခေတ်ပြီးတဲ့အခါမှာ သားတော်ဘုရားခေတ် သားတော်ဘုရားပြီးတဲ့နောက်မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ခေတ်ကာလဆိုပြီးတဲ့နောက် အဲလိုခေတ်အပိုင်းသုံးပိုင်အနေနဲ့ ကယ်တင်ခြင်းကို ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဟိုးကမ္ဘာဦးအစကနေပြီးတဲ့နောက် သားတော်ဘုရားလူ့ဇာတိအဖြစ်ကို ယူတဲ့အထိဟာ ခမည်းတော်ဘုရားဦးဆောင်ခဲ့တဲ့ခေတ်ဖြစ်ပါတယ်။ အဲဒီတော့ သားတော်ဘုရားမွေးဖွားခြင်းကနေပြီးတဲ့နောက် ကောင်းကင်ဘုံကို ပြန်လည်တက်ကြွားသွားတဲ့အချိန်အထိဟာ သားတော်ဘုရားရဲ့အချိန်ဖြစ်ပါတယ်။ သားတော်ဘုရားကောင်းကင်ဘုံကို တက်ကြွပြီးတဲ့နောက် ဝိညာည်တော်ဘုရားကို စေလွှတ်တဲ့အချိန်ကနေပြီးတဲ့နောက် ဒီနေ့ ယနေ့အချိန်ထိနဲ့နောက် ကမ္ဘာကုန်တဲ့အချိန်အထိဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ခေတ်ကာလပဲဖြစ်ပါတယ်။ ဒီနေ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က မိမိရဲ့တပည့်တော်တွေကို ရှင်းပြနေတာက သူ့ရဲ့လူသားကယ်တင်ခြင်းလုပ်ငန်း သာသနာပြုလုပ်ငန်း ပြီးဆုံးတော့မှာဖြစ်ပြီးတဲ့နောက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ခေတ်ကာလဟာ အစပြုလာတော့မှာကို သူတို့ကို သတိပေးပြီးတဲ့နောက် ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြလာပြီးတဲ့အခါမှာ သူကနေပြီးတဲ့နောက် လူတွေကို ဘယ်လိုဦးဆော်ပေးမှာလဲ။ ဘာတွေကို သင်ကြားပေးမှာလဲ။ မနေ့ကဖတ်သွားတဲ့ကျမ်းမှာ ပြန်ကြည့်လိုက်လို့ရှိရင် သခင်ခရစ်တော်ဟောကြားတဲ့အကြောင်းအရာတွေကို သူ့ရဲ့တပည့်တော်တွေမမှတ်မိနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွလာတဲ့အခါမှာ ငါပြောသမျှမင်းတို့အားလို့ မှတ်မိလိမ့်မယ်လို့ သခင်ခရစ်တော်က တပည့်တော်တွေကို ပြောခဲ့တယ်။ ဆိုလိုတာကတော့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွလာြခင်းအားဖြင့် သခင်ခရစ်တော်သွန်သင်ဆုံးမခဲ့တဲ့အရာတွေအားလုံးကို လူတွေပြန်ပြီးတဲ့နောက် သိလာမယ်၊ မှတ်မိလာမယ်ဆိုတဲ့အကြောင်းကို ပြောပြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ကျ‌တော့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ လုပ်ဆောင်ပေးမဲ့အရာကတော့ လောကသားအားလုံးရဲ့အပြစ်အကြောင်းရယ်၊ ဖြောင့်မတ်ခြင်းတရားအကြောင်းရယ်၊ နောက်ဆုံးတရားစီရင်ခြင်းအကြောင်းတွေကို လူတွေနားလည်လာအောင်ရှင်းပြပေးမယ်ဆိုတာကို ဒီနေ့သခင်ခရစ်တော်က ပြောပြနေတာဖြစ်ပါတယ်။ ဒီလောကဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားပြောပြမဲ့ အပြစ်အကြောင်းဆိုတာက လူတွေဟာ ဘုရားကို ဆန့်ကျင်ပြီးတဲ့နောက် ဘုရားရဲ့စကားကို နားမထောင်ပဲ ဆာတန်နတ်ဆိုးရဲ့စကားကိုပဲနားထောင်ပြီးတဲ့နောက် ဒီလောကမှာ မကောင်းမှုဒုစရိုက်တွေကို ကျူးလွန်ကြတယ်။ သခင်ခရစ်တော်ကိုတောင်မှ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတယ်။ လူတွေရဲ့ နှလုံးသားဟာ စာနာမှုကင်းမဲ့ခဲ့ကြတယ်။ ဒါဟာမှားယွင်းတဲ့လုပ်ရပ်တွေဖြစ်ပြီးတဲ့နောက် ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။ မိမိကိုယ်ကိုပျက်စီးခြင်းလမ်းကို သွားနေတဲ့ မှားနေတဲ့လမ်းကြောင်းတွေဖြစ်တယ်ဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားက သူတို့ကို ဖွင့်ပြပေးမယ်။ မိမိတို့အမှားတွေအတွက် နှောင်တရပြီးတဲ့နောက် ပြုပြင်နိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကြွလာပြီးတဲ့နောက် ကူညီပေးလိမ့်မယ်ဆိုတဲ့ ပထမအချက်ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖွင့်ပြမဲ့အရာကတော့ ဖြောင့်မတ်ခြင်းအကြောင်းဖြစ်ပါတယ်။ လူတွေဟာ အပြစ်အမှားတွေကျူးလွန်ပြီးတဲ့နောက် မိမိတို့ရဲ့ဘုရားသခင်ကိုတောင်မှ ပြန်လည်သတ်ဖြတ်ခဲ့တယ်။ ကယ်တင်ရှင်ကိုတောင်မှ ပြန်လည်သတ်ဖြတ်ခဲ့တဲ့ မှားယွင်းတာတွေ အပြစ်တွေကို ကျူးလွန်ခဲ့ပေမဲ့လို့ ဒီပြစ်တွေကို ဆေးကြောသန့်စင်ပေးဖို့ သခင်ခရစ်တော်က ကာရဝါရီတောင်ကုန်းထက်မှာ သွေးနဲ့ပူဇော်ပြီးတဲ့နောက် ဖြေရှင်းပေးခဲ့ပြီး ကာရဝါရီတောင်ထက်ကသွေးစက်တွေနဲ့ ကယ်တင်ပေးခဲ့ပြီး အပြစ်သားဖြစ်တဲ့ ကျန်ုပ်တို့တွေဟာ ဖြောင့်မတ်ခြင်းကျေးဇူးကို ပြန်လည်ရရှိကြပြီး အပြစ်ကြောင့်ဘုရားနဲ့ဝေးကွာနေတဲ့ ကျန်ုပ်တို့တွေအားလုံးဟာ ဘုရားသခင်နဲ့ပြန်လည်ပေါင်းစပ်ခွင့်ရပြီဆိုတဲ့ ဖြောင့်မတ်ခြင်းသတင်းကောင်းဖြစ်ပါတယ်။ ဒီဖြောင့်မတ်ခြင်းသတင်းကောင်းကလည်း သခင်ခရစ်တော်ကိုယ်တိုင် သယ်ဆောင်လာပေးတယ်ဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားကနေပြီးတော့ ဖွင့်ပြမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက် တတိယတစ်ချက်ကတော့ တရားစီရင်ခြင်းအကြောင်းကိုလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ဖော်ထုတ်ပြသမှာဖြစ်ပါတယ်။ အဲဒီတရားစီရင်ခြင်းမှာ အဓိကတရားစီရင်ခြင်းခံရမဲ့ပုဂ္ဂိုလ်ကတော့ ဒီကမ္ဘာလောကကြီးကို အုပ်စိုးနေတဲ့ ဆာတန်နတ်ဆိုးပဲဖြစ်ပါတယ်။ ဒီလောကကို အုပ်စိုးနေတဲ့ ဘုရားကိုအမြဲတမ်းဆန့်ကျင်နေတဲ့သူဟာ တရားစီရင်ခြင်းခံရပြီး ဒီလောက ကမ္ဘာကြီးကို စိုးမိုးချယ်လှယ်ပြီးတဲ့နောက် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနေတဲ့ ဒီဆာတန်တန်ဆိုးဟာ စီရင်ခြင်းခံရသလိုသူ့ရဲ့နောက်လိုက်နောက်ပါအဖြစ်နဲ့ လိုက်ကြတဲ့သူတွေ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြတဲ့သူတွေ ဘုရားသခင်ကို ယုံကြည်ဖို့ ဘုရားသခင်ရဲ့နိုင်ငံကိုလက်ခံဖို့ ပျက်ကွက်ခဲ့တဲ့သူတွေအားလုံးဟာ တရားစီရင်ခြင်းကို ခံရပြီးဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့် ကျန်ုပ်တို့ကို ဘုရားသခင်က အလင်းပြပေးမယ်ဆိုတာကို သခင်ခရစ်တော်ဒီနေ့ပြောပြနေခြင်းဖြစ်ပါတယ်။

ချစ်လှစွားသောညီအစ်ကို မောင်နှမအပေါင်းတို့..

သခင်ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျန်ုပ်တို့ကို အပြစ်အကြောင်းကို နားလည်လာအောင်သင်ပေးတယ်။ ဖြောင့်မတ်ခြင်းတရားအကြောင်းကိုလည်း သင်ပေတယ်။ တရားစီရင်အကောင်းကိုလည်း ကျန်ုပ်တိုကို သင်ပေးနေပါတယ်။ ကျန်ုပ်တို့တွေကော အပြစ်ကို သိပြီးတဲ့နောက် မိမိတို့ရဲ့အပြစ်တွေအတွက် နောင်တတရားရဖို့ ပြင်ဆင်နိုင်ကြရဲ့လား။ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကျေးဇူးတော်ကို ကျန်ုပ်တို့ လက်ခံနိုင်ဖို့ရန်အတွက် မိမိတို့ဘဝမှာ သခင်ဘုရားကို ယုံကြည်ပြီး ကျေးဇူးတော်အသက်တာကို လက်ခံရှင်သန်နေပါရဲ့လား။ နောက်ဆုံးသောနေ့မှာ တရားစီရင်ခြင်းဆိုတာရှိတယ်။ အဲဒီတရားစီရင်ခြင်းအချိန်မှာ ကျန်ုပ်တို့တတွေဟာ ယုံကြည်သူဖြောင့်မတ်သူအနေနဲ့တရားရင်ဆိုင်နိုင်ဖို့ရန်အတွက် ကျန်ုပ်တို့ပြင်ဆင်ကြပါရဲ့လာ။ သခင်ခရစ်တော်က ကျန်ုပ်တို့အတွက် အရာအားလုံးပြင်ဆင်ပေးထားပြီဖြစ်တယ်။ သခင်ဘုရားကို လက်ခံပြီးတဲ့နောက် သခင်ဘုရားပြတဲ့ သွန်သင်တဲ့တရားလမ်းတော်အတိုင်းအကောင်းဆုံး လျှောက်လှမ်းကြမယ်ဆိုရင်တော့ နောက်ဆုံးအချိန်မှာ ဘုရားသခင်ပေးတဲ့ ထာဝရအသက်ကို ပိုင်ဆိုင်ရရှိကြမှာဖြစ်တယ်ဆိုတာကို ယုံကြည်ပြီးအကောင်းဆုံး ကျင့်ကြံအားထုတ်ကြိုးစားကြပါစို့လို့ အားလုံကို မျှဝေရင်း နှိုးဆော်လိုက်ပါတယ်။

ဖာသာရ် ဘောစကိုစောလားထူး

 

gospel reflection