မေလ ၂၃၊ ၂၀၂၂
တနင်္လာနေ့
ရှင်ယောဟန် ၁၅း ၂၅, ၁၆-၄
ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့.
ဒီကနေ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို တပည့်တော်ကြီးများထံစေလွှတ်မဲ့အကြောင်းကို ကြိုတင်ပြီးပြောပြနေတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို သခင်ခရစ်တာ်သုံးနှုန်းထားတဲ့စကားကတော့ ကူညီစောင်မမည့်သူဟူသော သမ္မတရားနှင့်သက်ဆိုင်သည့် ဝိညာဉ်တော်ဆိုပြီးသုံးထားတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က တပည့်တာ်ကြီးတွေကို သမ္မတရားနဲ့ဆိုင်တဲ့ အသိတရားတွေသိလာဖို့ သမ္မတရားနဲ့ဆိုင်တဲ့အရာတွေကို နားလည်ဖို့ရန်အတွက် ကူညီစောင်မပေးတဲ့ အရှင်သခင်ဖြစ်ပါတယ်။ ဒီသခင်ကနေပြီးတော့ သမ္မာတရားနဲ့ဆိုင်တဲ့အရာတွေကို တပည်တော်တွေကို ဖွင့်ဟပေးပြီးတဲ့နောက်မှာ တပည့်တော်တွေဟာ ဒီအရာတွေနားလည်လာပြီး သခင်ဘုရားကိုလည်း သက်သေခံလာနိုင်မယ်ဆိုတာကို သခင်ခရစ်တော်က မိမိရဲ့တပည့်တော်ကြီးတွေကို သတိပေးနေတာဖစ်ပါတယ်။
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့.
သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကျန်ုပ်တို့ဘဝအတွက် အင်မတန်မှလိုအပ်တဲ့ ကျေးဇူးတော်ရှင်ဘုရားသခင်ဖြစ်ပါတယ်။ ကိုယ်တော်ဘုရားက ကျန်ုပ်တို့ရဲ့ အနားမှာရှိပြီး ကျန်ုပ်တို့ကို ကူညီပံ့ပိုးပေးဖို့ရန်အတွက် ကျန်ုပ်တို့ဘဝအတွက်လိုအပ်တဲ့ အဖော်မွန်ဖြစ်ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေဖြစ်ပြီးတဲ့နောက် ကျန်ုပ်တို့ဒုက္ခအခက်အခဲပြသနာတွေ ရင်ဆိုင်နေရတဲ့အချိန်မှာလည်း ကျန်ုပ်တို့ကို ခွန်အားပေးတဲ့အရှင်သခင်ဖြစ်ပါတယ်။ သခင်ခရစ်တော်က မိမိရဲ့တပည့်တော်ကြီးတွေကို သူတို့အတွက်စစ်မှန်တဲ့အဖော်မွန်ဖြစ်တဲ့ အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ ဝိညာ်တော်ဘုရားကို စေလွှတ်ပေးမယ် ဆိုပြီးတဲ့နောက် ကတိပြုထားတာဖြစ်သလို သူဟာသူ့ရဲ့တပည့်တော်တွေအတွက် အချိန်ကျတဲ့အခါမှာ တကယ်ပဲစေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ တပည့်တော်တွေဟာ သခင်ခရစ်တော်ကောင်းကင်ဘုံကို ပြန်လည်တက်ကြွသွားပြီးတဲ့နောက်ပိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သန့်ရှင်သောဝိညာဉ်တော်ဘုရား သူတို့အပေါ်မှာ ဆင်းကြွလာပြီးတဲ့အခါမှာ သူတို့ကြောက်ရွံ့မှုတွေအားလုံးဟာ ပျောက်ကွယ်သွားခဲ့တယ်။ သူတို့တွေမှာ ခွန်အားသတ္တိတွေရှိလာပြီးတဲ့နောက် ဟောပြောနိုင်တဲ့ တန်ခိုးအစွမ်းတွေလည်း ရှိလာပြီး သခင်ဘုရားကို စတင်ပြီးတဲ့နေက် သက်သေခံလာနိုင်ခဲ့ကြတယ်။ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်။ ဝိညာဉ်တော်အားဖြင့် သူတို့တွေဟာ သမ္မာတရားကိုလည်း သိမြင်လာခဲ့ပြီး သခင်ခရစ်တော်ဟောပြောသွန်သင်ခဲ့တဲ့အရာတွေအားလုံးကို နားလည်လာခဲ့ပြီးတဲ့နောက်မှာ လူအများရဲ့ရှေ့မှာ သခင်ဘုရားရဲ့အကြောင်းကို သက်သေခံလာနိုင်ခဲ့ကြပါတယ်။ ဟောပြောနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ကျန်ုပ်တို့အားလုံးအတွက် စစ်မှန်တဲ့မိတ်ဆွေဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်။ ကျန်ုပ်တို့ကို အလင်းပေးတဲ့အရှင်သခင် ကျန်ုပ်တို့ကို သမ္မာတရားနဲ့ဆိုင်တဲ့ ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ ဘုရားရဲ့တရားတော်တွေကို သိမြင်နားလည်ခွင့် ပေးတဲ့အရှင်သခင်ဟာ သန့်ရှင်းသောဝိညာဉ်တော်ပဲဖြစ်ပါတယ်။ ကျန်ုပ်တို့ကို ဘုရားရဲ့အမှုတော်ကို ထမ်းဆောင်လာနိုင်စေပြီးတဲ့နောက် အောင်မြင်မှုတွေကို ပေးတာလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ ဖြတ်သန်းနိုင်တဲ့ ခွန်အားသတ္တိနဲ့ အရည်အချင်းတွေရှိလာစေတာလည်း သန့်ရှင်းသောဝညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျန်ုပ်တို့တွေဟာ နေ့စဉ်အသက်တာမှာ ဝိညာဉ်တော်ရဲ့ ခွန်အားကျေးဇူး ဆုံးမသွန်သင်လမ်းပြမှုတွေနဲ့ အမြဲတမ်ခရီးပြုနိုင်ကြဖို့ ကိုယ်တော့်ကို မိမိတို့ရဲ့ လက်တွဲဖော်အဖြစ် အမြဲတမ်းခေါ်ဆောင်သွားနိုင်ဖို့ ကြိုးစားကြရမယ်။ ကိုယ်တော်ဘုရားရဲ့ ကျေးဇူးတော်တွေနဲ့ ဘဝခရီးပြုနိုင်ကြရမှာဖြစ်ပါတယ်။ ဒါမှသာလျှင်ကျန်ုပ်တို့ဘဝခရီးလမ်းမှာ အခက်အခဲဟူသမျှကို ဖြတ်ကျော်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်ုပ်အနေနဲ့ နေ့စဉ်နေ့တိုင်း ဘုရားရဲ့နုတ်ကပတ်တော်ကို ဟောပြောဝေငှရတယ်။ သက်သေခံနေရပါတယ်။ ဒီလိုဟောပြောဝေငှသက်သေခံတဲ့အခါမှာ ကျန်ုပ်သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုအမြဲတမ်းအားကိုးခိုလှုံပါတယ်။
မိမိရဲ့ ဩဝါဒ အသံမသွင်းခင်ပြင်ဆင်တဲ့အချိန်လေးမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကျန်ုပ်ကို ဦးဆောင်ပေးပါ။ ကျန်ုပ်၏နုတ်လျှာကိုအသုံးပြု၍ ကိုယ်တော်ရဲ့သားသမီးတွေကို ကိုယ်တော်ပြောလိုတဲ့အရာကို ကိုယ်တော်ပြောပါ။ ဤပြောသောတရားစကားများသည် ကျန်ုပ်၏နုတ်မှ ထွက်လာသော်လည်း ကိုယ်တော်ရှင်၏အသံသာဖြစ်ပါ၏။ ကိုယ်တော်ရှင်အားဘုန်းဂုဏ်တော်နှင့် ချီးမွမ်းထောပနာရှိပါစေ။ ကျန်ုပ်ကို အကောင်းဆုံးအသုံးပြုတော်မူပါ ဆိုပြီတဲ့နောက် ဆက်ကပ်အပ်နှံပြီးမှ ဩဝါဒပြင်လေ့ရှိပါတယ်။ ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ ဒီနေ့အထိ ကျန်ုပ်အနေနဲ့မပျက်မကွက်ပဲ တရားဒေသနာတော်တွေကို ဆက်လက်ဟောပြောသက်သေခံနေနိုင်တာဖြစ်ပါတယ်။ ဘုရားရဲ့ကျေးဇူးတော်မပါရင် ကျန်တော်ဟာဘာမှ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ ကျေးဇူးတော်ဟာ ကျန်ုပ်အပေါ်မှာ များပြားလာပါတယ်။
ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝအသက်တာမှာလည်း နေ့စဉ်နေ့တိုင်း ဝိညာဉ်တော်ကို အားကိုးခိုလှုံလျှက် ကျေးဇူးတောင်းခံလျှက် မိမိတို့၏လုပ်ငန်းဆောင်တာတွေကို လုပ်ကြဖို့တိုက်တွန်းချင်တယ်။ မိမိတို့ပြောဆိုလုပ်ကိုင်သမျှမှာ အောင်မြင်မှုတွေရရှိဖို့ရန်အတွက် ဝိညာဉ်တော်ဟာ လမ်းပြပေးနိုင်တယ်။ အကြံအဉာဏ်ပေးနိုင်တယ်။ ကျေးဇူးတော်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့ ဝိညာဉ်တော်ကို အားကိုးခိုလှုံတတ်ပြီး ဆုတေင်းတတ်ဖို့ရန်အတွက် ကြိုးစားကြပါရန်တိုက်တွန်းနှိုးဆော်ပါတယ်။
နောက်ထပ်မျှဝေပေးချင်တဲ့တစ်ချက်ကတော့ ဘုရားသခင်ဟာ မိမိရဲ့တပည့်တော်ကြီးတွေကို စေလွှတ်တဲ့အခါမှာ သူတို့အနာဂါတ် သာသနာပြုကြတဲ့အခါမှာ ဒုက္ခအခက်အခဲပြဿနာတွေ မတရားမှုတွေ နှောက်ယှက်မှုတွေ နှိမ့်စက်မှုတွေ ကြုံတွေ့ရမယ်ဆိုတာကို ကြိုတင်ပြီးတဲ့နောက် သတိပေးခဲ့ပါတယ်။ ဘာ့ကြောင့်ကြိုတင်သတိပေးထားလဲဆိုတော့ တကယ်ပဲ ဒုက္ခပြဿနာတွေ နှိပ့်စက်မှုတေ မတရားမှုတွေရင်ဆိုင်ရတဲ့အခါမှာ စိတ်ဓာတ်မကျသွားဖို့ဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ကို အရင်ဦးဆုံးကိုယ်တော်က ကြိုပြီးတော့ ပြင်ဆင်ထားပေးတာဖြစ်ပါတယ်။ အကယ်၍သူတို့ကို တရားဇရပ်တွေကနေ နှင်ထုတ်တဲ့အခါမှာ လူတွေဖမ်းစီးသတ်ဖြတဲ့အခါမှာ သူတို့တွေစိတ်ပျက်အားငယ်မသွားဖို့ဖြစ်ပါတယ်။ လူတွေက သာသနာပြုတွေကို တရားဟောသက်သေခံတဲ့လူတွေကို ဘာ့ကြောင့်မုန်းကြတာလဲ။ ဘာ့ကြောင့်နှင်ထုတ်ကြတလဲ။ ဘာ့ကြောင့်ဖျက်စီးဖို့ကြိုးစားကြတာလဲဆိုတော့ ဒီနေ့သခင်ခရစ်တော်ပြောနေတာကတော့ သူတို့သည် ခမည်းတာ်ကိုလည်းကောာင်း ငါ့ကိုသော်လည်းကောင်း မသိကြသောကြောင့် ဤသို့ပြုလုပ်ကြလိမ့်မည်လို့ ပြောဆိုတာဖြစ်ပါတယ်။ သတိပေးတာဖြစ်ပါတယ်။ လူတွေက တရားဟောတဲ့သူတွေ ဘုရားရဲ့အမှုတော်ဆောင်တွေကို မုန်းရတဲ့အကြောင်းသူတို့ ဒုက္ခပေးရတဲ့အကြောင်းရင်းက သူတို့က ဘုရားကို မသိကြတဲ့အတွက်ကြောင့် ဖြစ်တယ်။ ခမည်းတော်ဘုရားကိုလည်းမသိဘူး။ သားတော်ဘုရားကိုလည်းမသိတဲ့အတွက်ကြောင့် သူတို့ လုပ်ကြတဖြစ်တယ်။ ထိုကဲ့သို့ဆန့်ကျင်မှုတွေနဲ့ ဒုက္ခပြဿနာတွေကို ကြုံတွေ့တဲ့အခါမှာ ရဲရင့်ခြင်းရှိပြီးတဲ့နောက် နောက်တွန့်သွားခြင်းမရှိပဲနဲ့ ဘုရားသခင်ကို သက်သေခံနိုင်ဖို့ သခင်ခရစ်တော်က ကျန်ုပ်တို့ကို တွန်းအားပေးနေတယ်။ သတိပေးနေတဖြစ်ပါတယ်။
ကျန်ုပ်တို့ ခရစ်ယာန်အသက်တာတွေမှာလည်းကောင်း သာသနာပြုတဲ့ဘုန်းတော်ကြီး၊သီလရှင်တွေရဲ့ဘဝမှာသော်လည်းကောင်း၊ သခင်ခရစ်တော်ပြောတဲ့အရာတွေဟာ နေ့စဉ်နဲ့အမျှတွေ့ကြုံနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဘုရားရဲ့အမှုတော်တွေထမ်းဆောင်တဲ့အခါမှာ ဘုရားရဲ့ ဒေသနတော်ကို ဟောပြောသက်သေခံတဲ့အခါမှာ မိမိတို့ကို နှစ်သက်တဲ့လူတွေရှိသလို မုန်းတဲ့သူလည်းရှိမှာပဲ။ လက်ခံတဲ့သူတွေရှိသလို ဆန့်ကျင်တဲ့သူတွေလည်းရှိမှာပဲ။ ဒါတွေဟာ သဘာဝတရားပဲ။ ဒါကိုကျန်ုပ်တို့စိတ်ပျက်ရမှာ မဟုတ်ဘူး။ ဘုရားကိုသိတဲ့လူတွေ ဘုရားကို ချစ်တဲ့လူတွေဟာ ကျန်တော်တို့ပြောတဲ့စကားတွေကို နားထောင်ကြမယ်။ ဘုရားကို မသိတဲ့လူတွေဘုရားကို မချစ်တဲ့လူတွေဟာ ကျန်ုပ်တို့ကို ဆန့်ကျင်ဘက်ပြုကြလိမ့်မယ်။ ဒီသဘောတရားကို နာလည်ပြီးတဲ့နောက် မိမိကိုလက်ခံတဲ့အခါမှာ ဒီလက်ခံတဲ့သူတွေဟာ ဘုရားရဲ့ သားသမီးတွေဘက်တော်သားတွေဖြစ်တဲ့အတွက်ကြောင့် ဘုရားရဲ့ဘက်တော်သား သားသမီးတွေကို လေးစားတန်ဖိုးထားပါ။ သူတို့နဲ့အတူလက်တွဲပြီးဘဝခရီးကို ဆက်ပါ။ အကယ်၍လူတွေက မိမိကို ဆန့်ကျင်ဘက်ပြုပြီးတဲ့နောက် ဒုက္ခပေးချင်တယ်။ မိမိကိုနားမထောင်ချင်ဘူဆိုရင်တော့ သူတို့ဟာ ဘုရားသခင်ရဲ့ဘက်တော်သား မဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒါကြောင့်မို့ ဘုရားကိုလည်းမသိ ဘုရားကိုလည်းနားမလည်ပြီး ဘုရားရဲ့ဘက်တော်သားမဟုတ်တဲ့အတွက်ကြောင့် မိမိကိုဆန့်ကျင်တာဖြစ်တယ်ဆိုတာကို နားလည်ပြီးတဲ့နောက် သူတို့မသိလို့ သူတို့တွေဟာ အခုလိုဆန့်ကျင်တာဆိုတာကိုလည်း နားလည်လက်ခံတတ်ဖို့ ကျန်ုပ်တို့ကိုလည်း ဒီနေ့သခင်ဘုရားက သတိပေးနေပါတယ်။ ဒါကြောင့်မို့ ကျန်ုပ်တို့သာသနာပြုအားလုံးတို့ မိမိတို့သာသနာအမှုကိုထမ်းတဲ့အခါမှာ အဆင်မပြေမှုတွေ ဒုက္ခပြဿနာတွေ အခက်အခဲတွေရင်ဆိုင်တဲ့အချိန်အခါမျိုးမှာ သာသနာပြုတွေအတွက်လမ်းပြဦးဆောင်ပေးတဲ့အရှင်သခင်ဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်တဲ့အတွက်ကြောင့် ဝိညာဉ်တော်ဘုရားရဲ့အလင်းကျေးဇူးကို ခေါ်တတ်တောင်းခံပြီး ဂရုပြုပါ။ လူတွေက ကိုယ့်ကို ဆန့်ကျင်ဘက်ပြုတယ်၊ ကိုယ့်စကားကို နားမထောင်ဘူး၊ ကိုယ့်ကို မကြိုက်မနှစ်သက်ကြဘူးဆိုရင်လည်း တကယ်တော့သူတို့ဟာ ထာဝရဘုရားသခင်ကို ခရစ်တော်ကို မသိတဲ့အတွက်ကြောင့် နားလည်တဲ့အတွက်ကြောင့် သူတိုအခုလိုလုပ်တာဖြစ်တယ်ဆိုပြီးတေ့ တိုသူတွေကို စိတ်မကွက်ပဲ သူတို့ကိုမုန်းထားခြင်းမရှိပဲ မေတ္တာတရား၌နားလည်ပေးဖို့ ကိုယ်လုပ်ရမဲ့သာသနာအမှုကို ကြောက်ရွံ့တွန့်ဆုတ်ခြင်းမရှိပဲနဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကြိုးစားကြရမယ်။ ဒီနေ့သခင်ခရစ်တော်ဖြစ်စေချင်တာက အခုလိုဘယ်လိုပြဿနာပဲရှိရှိနောက်မဆုတ်ပဲနဲ့ ဆက်လက်ခရီးပြုပြီးသာသနာအမှုပြုနိုင်ဖို့ ဘုရားရဲ့နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် ကိုယ်တော်က သတိပေးနှိုးဆော်နေခြင်းသာဖြစ်ပါတယ်။ လိုအပ်တဲ့ကျေးဇူးတော်တွေကို ဘုရားသခင်ထံမှာတောင်းခံပြီး ဘုရားသခင်ရဲ့သာသနာတော်ကို မိမိရဲ့နှလုံးသားထဲမှာ မိမိရဲ့ပတ်ဝန်းကျင်မှာ ဒီကမ္ဘာပေါ်မှာဆက်လက်တည်ဆောက်နိုင်ဖို့ ကြိုးစားကြပါစို့လို့ အားလုံးကို မျှဝေရင်း နှိုးဆော်သတိပေးလိုက်ပတယ်။
ဖာသာရ်ဘောစကို စောလားထူး
ပုသိမ်ကက်သလစ်သာသနာ