Pathein Catholic Diocese Untitled Document
Untitled Document
ပညတ်တော်နှင့် ငြိမ်းချမ်းသာယာခြင်း

 

ပါစကားပွဲတော်ကာလ ဆဌမမြောက်တနင်္ဂနွေ

ယောဟန် ၁၄း ၂၃-၂၉

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို..

ဒီနေ့သခင်ခရစ်တော်မိန့်မှာတဲ့စကားလေးကတော့ အကြင်သူဟာ ငါ့ကို ချစ်ရင် ငါ့ရဲ့စကာတွေကို လိုက်နာစောင့်ထိန်းမယ်လို့ ပြောပါတယ်။ ငါ့ကို မချစ်တဲ့သူဟာ ငါ့စကာတွေကိုလည်း လိုက်နာစောင့်ထိန်းခြင်းမပြုဘူးလို့လည်း ဆက်ပြီးတော့ပြောထားပါတယ်။ အဲဒီစကားလေးကို ကြားတဲ့အခါမှာ ကျန်ုပ်အနေနဲ့ မိမိကိုယ်ကို မေးခွန်းပြန်မေးမိပါတယ်။ ငါသခင်ခရစ်တော်ကို ငါချစ်ရဲ့လာ။ သခင်ရစ်တော်ဆုံးမထားတဲ့စကားတွေကို ငါကောင်းကောင်းလိုက်နေရဲ့လာ စသဖြင့်ပြန်ပြီးတော့နောက် မေးမိပါတယ်။ မိမိကိုယ်ကို ပြန်လည် ဆင်ခြေသုံးသပ်လိုက်တဲ့အခါမှာ ငယ်စဉ်အခါကတည်းက ဘုရားရဲ့ ပညတ်တော်တွေကို လိုက်ကျင့်ရမယ်ဆိုတာကို သိခွင့်ရခဲ့တယ်။ စစ္စတာရ်တွေ ဘုန်းကြီးတွေကနေပြီးတော့ သင်ကြားပေးခဲ့တဲ့အတွက် သိခွင့်ရခဲ့တယ်။ အပြစ်ဆိုတဲ့အရာဟာ ဘုရားရဲ့ ပညတ်တော်တွေကို မလိုက်နာခြင်း ချိုးဖျက်ခြင်း ချိုးဖောက်ခြင်းဖြစ်တယ်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။

တစ်ခါတလေ လူရဲ့ သဘာဝအရ ဘုရားပညတ်တော်တွေနဲ့ ဆန့်ကျင့်ဘက်ပြုခဲ့တာတွေရှိခဲ့မိပါတယ်။ အဲလိုမျိုးရှိခဲ့တဲ့အခါမှာ ဘယ်လိုပညတ်ကို ဘယ်လိုချိုးဖောက်လည်းဆိုတာကို မိမိကိုယ်ကိုပြန်သိလာဖို့ရန်အတွက် ကျန်ုပ်အနေနဲ့ ငယ်စဉ်အခါကတည်းက ပညတ်တော် ၁၀ ပါးကို အမြဲတမ်းရွတ်ဆိုပါတယ်။ ပညတ်တော် ၁၀ ပါးမှာ ငါဘယ်တစ်ပါးကို ချိုးဖောက်မိပါသလဲ။ အပြစ်တစ်ခုခုလုပ်တယ်ဆိုရင်လည်း ဒီလုပ်တဲ့အပြစ်ဟာ ငါဘယ်ပညတ်ကို ဆန့်ကျင်နေတာလဲ။ အမြဲတမ်းနောက် သုံးသပ်မိပါတယ်။ ငယ်ငယ်တုန်းက ဒီပညတ်တွေနဲ့ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်မိတယ်။ ပြန်ပြီးတော့မှ ရွတ်ဆိုပြီးတော့နောက် ထောက်ရှုမိတယ် စစ်ဆေးမိတယ်ဆိုတာက တကယ်တော့ ဘုရားသခင်ကို ချစ်လို့မဟုတ်ဘူးဆိုတာကို တွေ့ရတယ်။ ကျန်တော်ပညတ်တော် ၁၀ ပါးကို ငယ်ငယ်ကတည်းက ပြန်ပြီးတဲ့နောက် ရွတ်ဆို ရွတ်ဆိုပြီးတဲ့နောက် ဒီပညတ်တော်တွေကို ငါဘယ်ပညတ်ကို ချိုးဖောက်မိသလဲ ဘယ်ပညတ်ကိုတော့ ငါလိုက်နာနိုင်နေသလဲ စသည်ဖြင့် ပြန်လည်သုံးသပ်တာက ပညတ်တော်တွေကို ချိုးဖောက်တယ်ဆိုရင် ငရဲကျနိုင်တဲ့အတွက်ကြောင့် ငရဲကျမှာကြောက်ပြီး ပညတ်တော်တွေကို လိုက်ခဲ့မိတယ်ဆိုတာ အဖြေထွက်လာခဲ့ပါတယ်။ ဒါကြောင့်မို့ ကြောက်ရွံ့ပေါ်အခြေခံထားတဲ့ လိုက်နာခြင်း နာခံခြင်းဟာ တကယ်ပဲ ချစ်ခြင်းမေတ္တာနဲ့မဆိုင်ဘူးဆိုတာကိုလည်း နားလည်လာခဲ့တယ်။ လွတ်လပ်မှုမရှိပဲနဲ့အချုပ်နှောင်တစ်ခုနဲ့သွားနေတယ်ဆိုတာကိုလည်း နာလည်လာခဲ့ပါတယ်။

ဒီကနေ့ ပညတ်တော်တွေနဲ့ ပတ်သက်ပြီးတဲ့နောက် နားလည်လာတဲ့အခါ ပညတ်တော်တွေကို ဘုရားသခင်ပေးရတဲ့ အဓိပ္ပာယ်နဲ့အကြောင်းရင်းတွေကို နားလည်လာတဲ့အခါကျတော့ ဒီပညတ်တော်တွေဆိုတာ ဘုရားရဲ့ ပညတ်တော်ကြောင့် ဘုရားကငါတို့ကို ချစ်လို့ ဒုက္ခမရောက်စေချင်လို့ ပေးထားတယ်ဖြစ်တယ်ဆိုတာကို နားလည်လာပြီး ဒီပညတ်တော်တွေကို လိုက်တဲ့ငါတို့တွေဟာလည်း ဘုရားရဲ့အချစ်ကို မြင်ပြီး ဘရားအချစ်ကို တုန့်ပြန်တဲ့အနေနဲ့ လိုက်ကျင့်တာပဲဖြစ်ရမယ်။ ဒီပညတ်တော်တွေအပေါ်မှာ ဘုရားသခင်ကျန်ုပ်တို့တတွေအပေါ်မှာထားတဲ့ မေတ္တာတော်တွေကို မြင်တွေ့ပြီး ဒီချစ်မေတ္တာကို တုန့်ပြန်တဲ့အနေနဲ့ ပြန်လည်ကျင့်ရမှာဖြစ်တယ်ဆိုတာကိုလည်း နားလည်လာခဲ့တယ်။

မိဘကိုချစ်တဲ့သားသမီးတွေဟာ မိဘစကားကို နားထောင်လေ့ရှိကြပါတယ်။ မိဘကိုချစ်တဲ့သားသမီးတွေဟာလည်း မိဘရဲ့မေတ္တာကို နားလည်ပြီး မိဘပြောတဲ့စကား ပညတ်ထားတဲ့ ဒီပညတ်တွေ စည်းကမ်းတွေဆိုတာဟာလည်း သားသမီးကောင်းစားဖို့အတွက်ဖြစ်တယ်ဆိုတာကို နားလည်ပြီးချစ်တုန့်ပြန်ကြတယ်။ မိဘစကားကို နားထောင်ကြတာဖြစ်ပါတယ်။ ဒီလိုပဲ ဘုရားကိုချစ်တဲ့သားသမီးကျန်ုပ်တို့တွေကလည်း ဘုရားသခင်က ငါတို့တွေကောင်းကျိုးအတွက် ငါတို့တွေ ဒုက္ခမရောက်ဖို့အတွက် ကျင့်ဖို့ရန်ပေးထားတဲ့ ဒီပညတ်တွေမှာ ဘုရားရဲ့အချစ်ကို မြင်တွေ့ပြီးတဲ့နောက် ချစ်ခြင်းမေတ္တာနဲ့တုန့်ပြန် ကျင့်ကြံရမယ်ဆိုတာကို ဒီကနေ့ သမ္မာကျမ်းစာလေးကနေပြီးတဲ့နောက် ကောက်နုတ်ပြီးထောက်ရှုမိပါတယ်။ ဒါကြောင့်မို့ သခင်ခရစ်တော်ပြောတာ အကြင်သူဟာ ငါ့ကိုချစ်ရင် ငါ့စကားကို နားထောင်မယ်။ သခင်ခရစ်တော်ပြောကြားခဲ့တာလည်း ရှိပါတယ်။ ငါပြောသောစကားများသည် ဝိညာဉ်နဲ့အသက်ဖြစ်တယ်ဆိုပြီးတဲ့နောက်လည်း ပြောခဲ့ပါတယ်။

ဒါကြောင့်မို့ ငါတို့ကို ထာဝရအသက်ရစေချင်လို့ ပေးထားတဲ့ ဆုံးမထားတဲ့ ပညတ်တော်တွေ လမ်းညွှန်ချက်တွေ သွန်သင်ချက်တွေဟာ ငါတို့ကောင်းကျိုးအတွက်ပဲ ဖြစ်တဲ့အတွက်ကြောင့် ဘုရားကိုချစ်တဲ့စိတ်နဲ့ ငါတို့ကျင့်ကြံကြရမှာဖြစ်တယ်။ ငါတို့ သခင်ခရစ်တော်ရဲ့စကားတွေကို ငါတို့လိုက်နာကျင့်ကြံနေခြင်းဟာလည်း ဘုရားသခင်ကို ငါတို့ချစ်တယ်ဆိတာ ငါတို့သက်သေပြခြင်းဖြစ်တယ်ဆိုတာ ဒီနေ့သခင်ခရစ်တော်က ငါတို့ကို အခိုင်အမာပြောပါတယ်။ ငါတို့တွေဟာ ဘုရားသခင်ကို ချစ်ပြီးတဲ့နောက် ဘုရားရဲ့စကားတွေကို ငါတို့လိုက်ကျင့်မယ်ဆိုရင် ငါတို့နစ်နာဆုံးရှုံးမှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့ စကားကိုငါတို့ လိုက်ကျင့်တယ်။ ဘုရားသခင်ပြောတဲ့အတိုင်းလိုက်နာကျင့်ကြံတယ်ဆိုရင် ဘုရားသခင်က ငါတို့ကို ချစ်တယ်ဆိုပြီးတဲ့နောက် ဒီနေ့ပြောထားတယ်။

ဒါကတော့ ဘာနဲ့သဏ္ဌန်တူလည်းဆိုတော့ မိဘစကားကိုနားထောင်တဲ့သူတိုင်းကို မိဘကချစ်သလိုမျိုးပေါ့။ ဘုရားသခင်ရဲ့စကားကို နားထောင်ရင် ငါတို့ကိုချစ်တာပေါ့။ သခင်ခရစ်တော်ပြောတဲ့စကားတွေအးလုံးဟာလည်း ခမည်းတော်စီက လာတဲ့စကားတွေပဲဖြစ်တယ်။ ဒါကြောင့်မို့ သခင်ခရစ်တော်ရဲ့ စကားကို ငါတို့နားထောင်တယ်ဆိုရင် ခမည်းတော်ကို နားထောင်ခြင်းဖြစ်ပြီးတဲ့နောက် ခမည်းတော်ကလည်း သူ့စကားကိုနားထောင်တဲ့ သားသမီးငါတို့ကို ချစ်မယ်လို့ သခင်ခရစ်တော်ပြောနေတာဖြစ်တယ်။

ဘုရားသခင်က သူ့ရဲ့စကးကို နားထောင်တဲ့သူ့ရဲ့စကားကို ချစ်ရုံမကပဲနဲ့ ဆက်ပြီးတဲ့နောက်ပြောထားတာက ထိုအခါငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်လို့ ပြောထားတဲ့အရာလေး။ အဲဒီစကားလေးဟာ အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ဘုရားရဲ့တရားတော်ကို နားထောင်ပြီးတဲ့နောက် ဘုရားရဲ့တရားတော်အတိုင်းလိုက်ကျင့်တယ် ဘုရားရဲ့စကားကို နားထောင်တယ်ဆိုလို့ရှိရင် ဘုရားသခင်က အဲဒီနားထောင်ကျင့်ကြံတဲ့သူတွေနဲ့အတူ လာပြီးတော့နေမယ်။ ငါတို့လို့ ပြောတာကတော့ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူကို ရည်ညွှန်းတာဖြစ်တယ်။ ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူ ကိန်းဝပ်တော်မူမည်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ဘုရားရဲ့ စကားတော်ကိုနားထောင်ပြီး လိုက်နာကျင့်ကြံနေတဲ့လူတွေဟာ အခြားသူတွေနဲ့မတူပဲနဲ့ တမူထူးခြားနေတယ်။ ဘုရားရဲ့တရားတော်ကို အကောင်းဆုံးကျင့်ကြံတဲ့သူတွေနဲ့ ထိတွေ့တဲ့သူတွေဟာလည်း စိတ်မှာဝမ်းမြောက်ကြည်နူးမှုခံစားရတယ်။ ဘုရားသခင်ရဲ့ အငွေ့အသက်တွေကို သူတို့၌ ခံစားရတာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေမည်လို့ သခင်ခရစ်တော် ကတိပေးခဲ့တဲ့အတိုင်း ဘုရားသခင်ဟာ သူ့ရဲ့စကားကို နားထောင်တဲ့သူတွေနဲ့အတူ တည်ရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဒီကနေ့ ဧဝံဂေလိကျမ်းမှာပဲ သခင်ခရစ်တော်ဆက်ပြီးတော့ ပြောထားတဲ့ ကတိပေးထားတဲ့စကားလေးကတော့ ငါ၏နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီစောင်မမည့်သူ ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာအလုံးစုံတို့ကို သွန်သင်မည်ဖြစ်၍ သင်တို့အားငါမိန့်မှာထားသမျှကို တဖန်သတိရစေတော်မူလိမ့်မည်လို့ ဖော်ပြထားပါတယ်။ အဲဒီမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ဖော်ပြထားတာတွေ့ရတယ်။

သခင်ခရစ်တော်ပြောခဲ့တဲ့စကားတွေ ဆုံးမတဲ့စကားတွေဟာ သမ္မာကျမ်းစာမှာပြန်ကြည့်ရင် အများကြီးပဲ။တပည့်တော်ကြီးတွေကို သခင်ခရစ်တော်အခုလိုပြောနေတာကလည်း ဟိုတုန်းက ကျမ်းစားအုပ်ဆိုတာမရှိခဲ့သေးဘူး။ သခင်ခရစ်တော်ဆုံးမသွန်သင်ခဲ့တဲ့စကားတွေဟာ အလွန်များပြားခဲ့ပေမဲ့လို့ ဘယ်သူမှမှတ်တမ်းမတင်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ လူ့အသိဉာဏ်နဲ့မှတ်ထားနိုင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ အဲလိုခက်ခဲပြီးတဲ့နောက် မှတ်သားနိုင်ဖို့ ပြန်လည်သတိရနိုင်ဖို့ ခက်ခဲတဲ့ဒီစကားတွေကို ဒီနေ့သခင်ခရစ်တော်သူ့ရဲ့ တပည့်တော်ကြီးတွေကို ကတိပေးနေတာဖြစ်ပါတယ်။ သူပြောခဲ့တဲ့ ဆုံးမသွန်သင်ခဲ့တဲ့စကားတွေကို ပြန်လည်သတိရပြီးတဲ့နောက် မမေ့အောင်လို့ သူတို့ကို ကူညီပေးမဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်ပေးမယ်။ သန့်ရှင်းသောဝိညာဉ်တော်ကပဲ သခင်ခရစ်တော် ဟောကြားသွန်သင်သမျှကို ပြန်လည်မှတ်မိဖို့သတိရစေဖို့ရန်အတွက် ကူညီပေးမယ်လို့ သခင်ခရစ်တော်ပြောနေတာဖြစ်ပါတယ်။

ဒါကြောင့်မို့ သမ္မာကျမ်းစာနဲ့ပတ်သက်လာရင် ဘုရားရဲ့နုတ်တော်ထွက်စကားနဲ့ပတ်သက်လလို့ရှိရင် သန့်ရှင်းသောဝိညဉ်တော်ရဲ့ ကျေးဇူးတော်ဟာလိုအပ်တယ်။ ကျန်ုပ်တို့သမ္မားကျမ်းစာရေးသားမှတ်တမ်းတင်တာပြန်ကြည့်တဲ့အခါမှာ ဒီရေးသားမှတ်တမ်းတင်ထားတဲ့ ဒီစာတွေအားလုံးဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့တွေရေးသားမှတ်တမ်းတင်တာ ဟုတ်သလားမဟုတ်သလားဆိုတာကို သေသေချာချာလေ့လာသုံးသပ်အတည်ပြုပြီးမှသာ တရားဝင်ကျမ်းတွေအဖြစ် မှတ်တမ်းတင်အသိအမှတ်ပြုကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မာကျမ်းစာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသံဖြစ်တယ်။ သမ္မာကျမ်းစာဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်လာတဲ့အရာတွေဖြစ်ပါတယ်။ ကျမ်းရေးပုဂ္ဂိုလ်အားလုံးဟာလည်း ဝိညာဉ်တော်ရဲ့ သွန်သင်ညွှန်ကြားချက်ဦးဆောင်မှုအားဖြင့်သာ ရေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုပဲ ဝိညဉ်တော်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဒီသမ္မာကျမ်းစာတွေကို နားလည်ဖို့ဆိုရင်လည်း သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးတော်နဲ့ ကျေးဇူးတော်တွေ ကျန်ုပ်တို့မှာလိုအပ်ပါတယ်။

ဒိအပြင်ဒီတရားတော်တွေကို ဟောပြောသက်သေခံမယ်ဆိုလို့ ရှိရင်လည်း အဲဒီအတွက် ဝိညာဉ်တော်ရဲ့ ထူးခြားတဲ့ကျေးဇူးတော်တွေလိုအပ်ပါတယ်။ ဒါကြောင့်မို့ သမ္မားကျမ်းစာကို နားလည်ဖို့ သမ္မားကျမ်းစာကို ဟောပြောသက်သေခံနိုင်ဖို့ သမ္မာကျမ်းစာကို လက်တွေ့ကျင့်ကြံနိုင်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတောင်းခံပြီးတဲ့နောက် ကျန်ုပ်တို့ ကြိုးစားရမယ်ဆိုတာကို ဒီနေ့သမ္မာကျမ်းစားအားဖြင့် သတိပေးနေတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ မျှဝေချင်တဲ့အချက်ကတော့ သင်တို့အားငြိမ်းချမ်းသာယာခြင်းကို ငါပေးတယ်ဆိုပြီးတဲ့နောက် သခင်ခရစ်တော်ပြောတဲ့စကားလည်းဖြစ်ပါတယ်။ သခင်ခရစ်တော်က ကျန်ုပ်တို့ကို ငြိမ်းချမ်းသာယာခြင်းပေးတယ်တဲ့။ ဘယ်လိုငြိမ်းချမ်းသာယာခြင်းမျိုးလဲ။ သခင်ခရစ်တော်ပေးတဲ့ငြိမ်းချမ်းသာယာခြင်းဟာ ဒီလောကလူသားတွေပေးတဲ့ ငြိမ်းချမ်းသာယာခြင်းမဟုတ်ဘူး။

သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းသာယာခြင်းဟာ စစ်ပွဲတွေမရှိခြင်း ပဠိပက္ခတွေမရှိခြင်းမဟုတ်ဘူး။ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းသာယာခြင်းဟာ ဘယ်လို့အခြေအနေမှာမဆို မိမိရဲ့နှလုံသားထဲမှာ ငြိမ်းချမ်းသာယာခြင်းရှိနေမဲ့ ငြိမ်သက်ခြင်းငြိမ်းချမ်းခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ တမန်တော်ကြီးတွေဟာ ဘုရားရဲ့ဒေသနာတော်ကို လှည့်လည်ပြီးတဲ့နောက်ဟောကြားသက်သေခံတဲ့အခါမှာ တစ်ပါးသူတွေသူတို့ကို ဘယ်လောက်ပဲဆန့်ကျင်တိုက်ခိုက်ကြပါစေ၊ ညှင်စဲနှိမ့်စက်ကြပါစေ၊ သူတို့ရဲ့နှလုံသားထဲမှာရှိတဲ့ ငြိမ်းချမ်းသာယာခြင်း ငြိမ်သက်ခြင်းဟာ သူတို့စီက ဘယ်တော့မှ ထွက်မသွားခဲ့ဘူး။ အရာအားလုံးကို ငြိမ်းချမ်းတဲ့စိတ်နဲ့ ငြိမ်သက်တဲ့စိတ်နဲ့ ခရီးဆက်နိုင်ခဲ့တယ် လုပ်ဆောင်နိုင်ခဲ့ကြတယ်။ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းဆိုတာ မုန်တိုင်းထန်တဲ့လမ်းခရီးကို ငြိမ်းချမ်းတဲ့စိတ်နှလုံးနဲ့ ဖြတ်ကျော်နေနိုင်ခြင်းဖြစ်ပါတယ်။သခင်ခရစ်တော်သာ ကျန်ုပ်တို့နှလုံးသားထဲမှာရှိမယ် ကျန်ုပ်တို့တွေသာ သခင်ခရစ်တော်နဲ့ အမြဲတမ်းခရီးပြုနေမယ်ဆိုရင် အခုလို ကြမ်းတမ်းခက်ထန်နေတဲ့ ပြဿနာအမျိုးမျိုးရင်ဆိုင်နေရတဲ့ ခေတ်ကာလအခြေအနေမှာ ငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းစိတ်နှလုံးသာနဲ့ ဖြန်ကျော်နိုင်လိမ့်မယ်။ တည်ငြိမ်တဲ့စိတ်နှလုံးသားနဲ့ဖြတ်ကျော်နိုင်လိမ့်မယ်။ ဖြစ်ပေါ်နေတဲ့အဆင်မပြေမှုတွေကို တည်ငြိမ်စွာနဲ့ဖြတ်ကျော်နိုင်ကြမှာဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ပြန်ပြီးတော့ မျှဝေရမယ်ဆိုရင် ကျန်ုပ်တို့တတွေဟာ ဘုရားသခင်ကို ချစ်တာသက်သေပြဖို့ရန်အတွက် ဘုရားရဲ့အချစ်ကို တုန့်ပြန်နိုင်ဖို့အတွက် ကိုယ်တော်ရဲ့ ပညတ်တော်များကို နားထောင်ပြီးအမြဲတမ်းစောင့်ထိန်းနိုင်ဖို့ကြိုးစားကြရအောင်။ နောက်ပြီးဘုရားရဲ့နုတ်ကပတ်တော်ကို နားလည်ပြီး ဘုရားရဲ့နုတ်ကပတ်တော်ကို ကျင့်နိုင်ဖို့ ဘုရားရဲ့နုတ်ကပတ်တော်ကို ဟောပြောသက်သေခံနိုင်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ကျေးဇူးတော်ကို အမြဲတမ်း လက်ခံရယူပြီးကြိုးစားကြရအောင်။ နောက်ဆုံးအနေနဲ့ သခင်ခရစ်တော်ပေးတဲ့ ငြိမ်သက်ခြင်းကို ကျန်ုပ်တို့နှလုံးသားထဲမှာအမြဲတမ်းပဲ သိမ်းပိုက်ရယူပြီး ပြဿနာအခက်အခဲဒုက္ခာတွေကြားမှာ ငြိမ်းချမ်းစွာဖြတ်ကျော်နိုင်ဖို့ ကြိုးစားအားထုတ်ကြပါစို့။ ကျေးဇူးတော်တောင်းခံကြပါစို့လို့ အားလုံးကို နှိုးဆော်သတိပေးရင်းမျှဝေပေးလိုက်ပါတယ်။

ဖာသာရ်ဘောစကိုစောလားထူး

 

 

gospel reflection