၂၅ ကြိမ် စနေနေ့၊
စက်တင်ဘာ ၂၄ ရက်။
ရှင်လုကာ ၉ ၊ ၄၃ မှ ၄၅။
ဒုက္ခ ဝေဒနာအား တန်ဖိုးပေးခြင်း
ဘုရားသခင်က ဒုက္ခ ရောက်နေသူတို့အား၊ စကားလုံးသက်သက်မျှဖြင့်ကူညီခဲ့တာ မဟုတ်ပါ။သနားတယ် ဝမ်းနည်းတယ်၊အပြင်းထန်ရှုံချတယ်ပြော၊လုပ်ရပ်မပါ၊ပုဂ္ဂိုလ်မဟုတ်ပါ။တစ်ပါးသူရဲ့ လိုအပ်ချက်၊ ဒုက္ခတွေကို ကိုယ်တိုင် ပါဝင်ထမ်းတယ်၊ကိုယ်တိုင်ကိုယ်ကျ နက်ရှိုင်းပါဝင်လာခြင်းက သူတပါးအား သူ့ကိုယ်တိုင်ကိုဘဲ ပေးအပ်လိုက်ခြင်းပါ။သူပိုင်တဲ့ဟို အရာဒီအရာတွေကို၊ပေးခြင်းမျိုးမဟုတ်၊ကိုယ်ကိုယ်တိုင်ကိုပေးတာ။
ဒီလိုပေးနိူင်ဖို့ လူအဖြစ်ကို ယူတယ်။ လူသားစင်စစ် ဖြစ်တယ်၊ လူတို့ခံရဒုက္ခဝေဒနါကို ကိုယ်တိုင်ကိုယ်ကျခံ ယူတယ်၊ သေခြင်းကိုပင် ခံယူပြီးလူသားတစ်ဦးစီ အထူးသဖြင့် ဒုက္ခခံစားနေရသူ တစ်ဦးစီနဲ့ အတွင်းသက် အကျဆုံး နေရာမှာ ပါဝင်ပူးပေါင်းပေးနေတာကို ကျွန်ပ်တို့ကြုံတွေ့ရတယ်။ solidarity တစ်လုံး တစ်စည်း တည်း၊စကားလုံးက သခင့်ထံမှာ ပြည့်ဝအဓိပ္ပါယ် ဖြစ်နေတယ်။
ဒုက္ခ မှာဘုရားရှင်ကိုယ်တိုင်ကိုယ်ကျကျွန်ပ်တို့ လက်ထဲ ထည့်ပေးနေတာသူ့ရဲ့ အဖြစ်ပျက်တွေကြောင့် သိလာ ယုံကြည်ကြတယ်။တို့အားလုံးတွက်သူ့ကိုယ်ကိုသူ ပူဇော်ခြင်းအဖြစ်ခရစ်တော်ဟာ ဒုက္ခကို အသစ်သော အဓိပ္ပါယ် ဖွင့်ပေးခဲ့တယ်။ကဏ္ဍသစ် suffering ကို new dimension ဖွင့်ပေးခဲ့တယ်။ တစ်ဆင့် မြှင့်ပေးလိုက်တယ် order, level ချစ်ခြင်းအဆင့်ထိတိုင် မြှင့်ပေးလိုက်တယ်၊ ဒုက္ခဝေဒနါဟာဒုက္ခသက်သက်မျှ မဟုတ်တော့၊ အရောင်ပြောင်း၊ တန်ဖိုးသစ်ရရှိတယ်။
ဒီနေ့ကျမ်းပိုဒ်မှာ သခင်က သူခံထမ်းရမဲ့ ဒုက္ခ အကြောင်းကို ဒုတိယကြိမ်ပြောပြတယ်၊မနေ့ကျမ်းပိုဒ်မှာ ပထမ အကြိမ်ပြောခဲ့တယ်။တပည့်တော်တို့နားလည်ထားတာက ကယ်တင်ရှင်ဆိုတာ ဘုန်း လက်ရုံး တန်ခိုးတော်နဲ့ကယ်တင်မယ်အခုသခင်ပြောနေတာဒုက္ခ ခံရမယ်၊ ဘယ်လိုမှ နားမလည်နိူင်၊ လက်ခံမရနိူင်၊ မေးဖို့ကြောက်သွားကြတယ်။ သခင်ကိုကြောက်လို့မမေးဝံ့ခြင့းမဟုတ်၊ပြန်ဖြေ လာမဲ့အဖြေကို မကြားရဲ လက်မခံရဲလို့ကိုမေးဖို့ ကြောက်ကြတာဖြစ်တယ်။ဒုက္ခတန်ဖိုး မသိကြသေးတဲ့ အဆင့်မှာဘဲ ရှိနေသေးလို့ပါ၊အဲ့ဒီအချိန်ထိဒုက္ခ က တန်ဖိုးမရှိသေးပါ၊ ပထမကျမ်းမှာဖတ်ရသလို vanityအချည်းနှီးသာ၊ဖြစ်ပြီး သခင်ပါဝင်လာချိန်ဒုက္ခဟာ တန်ဖိုး ရှိလာတယ်၊ ကယ်တင်ခြင်းလုပ်ငန်း အကောင်ထည်ဖော်ပြီးချိန်မှာ၊ တမန်တော်များရဲ့ နားလည်လာမှုက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လာတယ်၊ ပိုပြီးနားလည်လာကြတယ်။
ဒီနေ့ကျမ်းပိုဒ်မှာ နားမလည်ကြဘူး၊တဲ့ ဖုံးထားနေခြင်းကြောင့်ဖြစ်တယ်၊တဖြည်းဖြည်းမှ နားလည်လာတယ်၊ သူပါလာတယ်၊ သူ့အဖြစ်ပျက်များအားဖြင့် ဒုက္ခအကြောင်းသင်ပြလာတယ်၊ကျမ်းတလျှောက် အဖြစ်ပျက်များမှာတမန်တော်တို့နားမလည်ခြင်းတွေ့ရတယ်၊ သခင်က သူ့အဖြစ်ပျက်အားဖြင့်သင်ပြ နားလည်စေတယ်၊နောက်ပိုင်း နားလည်လာပြီး တမန်တော်များကိုယ်တိုင် ဒုက္ခကိုပွေ့ဖက်လာကြတယ်။ သူတို့ရဲ့ဘဝနောက်ပိုင်းအချိန်များမှာဒုက္ခကို ဘယ်လို အသုံးချခဲ့၊ ဘယ်လိုနားလည် လက်ခံ နေထိုင် ကြတာကို ကျွန်ပ်တို့ တွေ့ရပါတယ်။ ပေတြူးပေါလူး၊ ယာကုပ် စသည်အားဖြင့်၊ဒီလို ဖြစ်လာကြဖို့ သင်ပြပေးသူက ခရစ်တော်သခင် ကိုယ်တော်တိုင်ဘဲဖြစ်တယ်။သခင်ကိုယ်တော်တိုင်ပင်ဒုက္ခ ခံ သင်ပြပေးခဲ့လို့ပါ။
ပထမ ကျမ်းမှာ အရာအားလုံးက၊သူတို့သက်သက်ဆိုလျှင် အချည်းနှီးသာဖြစ်တယ်၊ မှန်ပါတယ်၊ဒုက္ခဆို၊တကယ့် အချည်းနှီးသက်သက်ပါ၊ဘုရားပါဝင်လာတော့ တန်ဖိုးရှိလာတော့တယ်။ မေတ္တာ တရားနဲ့ ခံထမ်းလာတော့ တန်ဖိုး ပြည့်လာတယ်။ဒါ့ကြောင့်ဒုက္ခ ဝေဒနါဆိုတာဘုရားနဲ့ပိုမို တွေ့ရှိ ရင်းနှီး စေတဲ့အခွင့်အရေးအဖြစ် ကျွန်ပ်တို့ ကြိုးစားကျော်ဖြတ်ကြရပါမယ်၊လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေး ဆန်းစစ်ဖို့ဆိုရင်၊ဒီလူဟာ ဒုက္ခဝေဓနာ ခံထမ်းရာမှာ Crisis တွေကို ဘယ်လိုသဘောထားရင်ဆိုင် ကိုင်တွယ်သလဲ ပေါ်မူတည်တွက်ချက်၊ အကဲဖြတ်ကြပါတယ်။ ခရစ်ယန်များလည်း ထိုနည်းတူစွာ ဒုက္ခ ကို ဘယ်လို နားလည်၊ရင်ဆိုင် အသက်ရှင်ကြပုံတွေက ကျွန်ပ်တို့ယုံကြည်ခြင်းရဲ့ အရည်အသွေးဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်ပ်တို့ ဒီဒုက္ခဟာ၊ ဒုက္ခ သက်သက်မဟုတ်ပါဘဲ သခင်နှင့် ပိုလို့ နီးကပ်စေတဲ့ အရာပိုပြီး ရင်းနှီးမှု တည်ဆောက်ပေးတဲ့အရာ နည်းလမ်းအဖြစ်ပွေ့ပိုက်နိူင် ကြရအောင် လိုအပ်ကျေးဇူးတော် များ တောင်းခံကြပါစို့။
ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။
Fr.Florence Aung Kyaw Oo ထောက်ရှုချက်ကိုမျှဝေသည်။