၂၄ ကြိမ် အင်္ဂါနေ့။
စက်တင်ဘာ ၁၃ ရက်။
ရှင်လုကာ ၇ ၊ ငယ် ၁၁ မှ ၁၇။
ဘုရား ဟုစတင်သုံးစွဲခေါ်ကြခြင်း။
မုဆိုးမ၏ သားသေကို သခင်ကအသက်ပြန်ရှင်စေတဲ့ အချိန်ကစပြီးသခင် ကို ဘုရား ဟုစတင်သုံးစွဲခေါ်ဝေါ်ကြတော့သည်။ရှင်လုကာကျမ်းအစပိုင်းမှာမသုံးခဲ့တဲ့၊ဘုရားအခန်း ၇ မှစတင် ဆက်တိုက်သုံးတော့သည်။သခင် ကို ဘုရားအဖြစ်လူတို့တွေ့မြင်သိလက်ခံလာကြတယ်အကြည့်အရှု ပြုခြင်း၊ အလည်လာ၊ visitation နားလည်ဖို့ တစ်ခုက၊မျက်မှောက်လူတို့တွေ့သိနေတဲ့၊လူကြီး ခရီးလမ်းကြောင်း၊ရောက်လာ၊ မေးမြန်း မှာကြား ပြန်သွားသည်၊မျိုးမဟုတ်၊မတူသည်ကိုသိထားရပါမည်။
သခင်ရဲ့ လာခြင်းက သမိုင်းထဲကိုဝင်လာ၊ Historical interventionလူ့သမိုင်း၊ လူ့လောက၊ လူ့ဘောင်အတွင်းသို့ ဝင်ရောက်လာပြီး၊ကယ်တင်ခြင်းကို ပေးခြင်း ဖြစ်ပါတယ်၊ဘုရားသခင် ကြွလာခြင်းဆိုသည်က ရှင်လုကာ ဧဝံဂေလိ ကျမ်းမှာ အရေးကြီးတယ်၊ ငါးခါဘဲ သုံးထားတယ်၊ ဧဝံဂေလိ ကျမ်းမှာ သုံးကြိမ်၊ တမန်တော်ဝတ္ထု မှာ နှစ်ကြိမ်၊အရေးကြီးနေရာမှာဘဲသုံးထားတယ်ဒီအဖြစ်ပျက်များတွေ့မြင်ပြီးနောက်ဘုရားက တို့အထဲကိုရောက်လာပြီ၊လူနဲ့နေထိုင်၊လူကိုအဆက်သွယ်ပြု၊ဖြတ်မရ ထာဝရတည်မဲ့ အနှောင်ဖွဲ့တစ်ခု၊ ချစ်ခြင်းမေတ္တာအနှောင်အဖွဲ့တစ်ခု တည်ဆောက်ခြင်းဖြင့်၊သူဟာလူမျိုးတော်အသစ်ကိုတည် ဆောက်နေပြီဖြစ်တာလူတို့ မြင်သိခြင်းစတင်ကြောင်း ကျွန်ပ်တို့ သိမှတ်ရမယ်။
လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းဆိုတာနေရာတိုင်းမှာ၊လူမျိုးစုံ၊အတွေးခေါ်အရောင်အသွေး၊အသိအမြင် ယူဆစုံလင် ကာ၊မတူကွဲပြားကြ၊တစ်ခါရံစုစည်းဖို့လည်း ခက်တယ်။ သခင်ကပစ်မထားဘဲ၊ သူကိုယ်တိုင် အထဲကိုရောက်၊သူကိုယ်တိုင်ချစ်ခြင်းမေတ္တာအခြေခံပြီးတည်ထောင်သူကိုယ်တိုင်အားလုံးပေးပြီး၊အနှောင်အဖွဲ့ ပြုပြီးမှ၊ တစ်ကိုယ် တစ်ပါင်းစည်းတည်းဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်တယ်။ပထမကျမ်းမှာ Body of Christ.ခရစ်တော်ရဲ့ ခန္ဓာတော်၊ ဆိုတဲ့နာမကို ကိုယ်တော်မြတ်စက္ကရမင်တူးကိုမပေးမီကပင် အသင်းတော်ကိုပေးပြီးဖြစ်တယ်၊ဧဝံဂေလိ ကျမ်းပါ အတွေ့အကြုံ များကြောင့်၊ ဘုရားလာပြီ၊တစ်ပေါင်းစည်းတည်းနေပြီ၊ ခွဲမရဖြတ်မရ ၊ ဘယ်တော့မှ ထွက်မသွားဘူးဆိုတဲ့၊ အခြေခံယုံကြည်ချက်ကိုစိန့်ပေါ ကဒါကိုအခြေခံပြီးသင်ပြပြောဆို နေတယ်။
အတွေးခေါ်သက်သက်မျှ မဟုတ်မူဘဲယုံကြည်သူတို့လက်တွေ့ မြင်တွေ့ရတဲ့ အဖြစ်အပျက်၊ ကြုံရတဲ့အရာဖြစ်တယ်။ သာသနာတော်က လူ့အဖွဲ့အစည်းဖြစ်နေငြားလည်း သခင်ခရစ်တော်
ကိုယ်တိုင်က၊ဦးခေါင်းတော် အဖြစ်ခွဲမရအောင် ပါလျက် ရှိနေတာကိုအစဦးကပင် ယုံကြည်သူများ တို့ယုံကြည်ကြတာကို တွေ့ရပါတယ်။သခင်ကိုယ်တော်တိုင်ပါဝင်လာတော့တို့တွေက ဘာဖြစ်သွားမလဲ၊အမြဲဘဲမေးနေရမဲ့ မေးခွန်းဖြစ်တယ်၊ သာသနာတော်ထဲမှခွဲထွက်မရအောင်သူ တည်ရှိ လာခြင်းက ဘာဖြစ်စေသလဲ၊ သခင်နဲ့ အဖွဲ့သား တစ်ဦးချင်းစီနဲ့ ဖြတ်မရ အနှောင်ဖွဲ့ တစ်ခုကိုထာဝရ တည်ထောင်လိုက်ခြင်းဘဲဖြစ်ပါတယ်။ ကျွန်ပ်တို့နှင့်သူအကြားကျွန်ပ်တို့ အချင်းချင်းအကြား၊အဖွဲ့ဝင် တစ်ဦး စီနှင့်လည်း ဖြတ်မရတဲ့အနှောင်ဖွဲ့ တာ်ထောင်လိုက်ပြီးဖြစ်ပါတယ်။
တစ်လုံးတစ်ဝတည်း ရှိပြီဆိုတာ၊သူ့ကြောင့် ရှိခြင်းကို ရှင်ပေါလု ကသင်ပြနေတယ်၊တစ်လုံးတစ်ဝတည်း ရှိပြီးသား၊ ခန္ဓာကိုယ်နှင့် နိုင်းပြီးသားသာသနာတော်ထဲကိုပိုပြီးအသက်ဝင်စေတဲ့ လုပ်ငန်းကို လုပ်တယ်၊ ဝိညာဥ်တော်မြတ်ကို ထည့်လိုက်တယ်။မနေ့ကကြားနာခဲ့ရ၊နှလုံးသားအဖြစ်ကိုယ်တော်မြတ်ကိုပေးတယ်၊ဒီနေ့ ဝိညာဥ်တော်ကို soul of the churchအဖြစ်ပေးတယ်။အသင်းတော်ကိုဘုရားရဲ့ လူမျိုးတော်၊ people of God. Temple of the holy spirit. ဝိညာဥ်တော်ရဲ့ ဗိဗ္မာန်တော်၊ Bodyof Christ.ဆိုပြီး အမည်နာမတွေများစွာ ရောပြွန်းပြီး ဒီကျမ်းပိုဒ်မှာတွေ့ရတယ်အသင်းတော်နဲ့ပတ်သက်တဲ့အယူဝါဒ တွေကို ရှင်ပေါလုက စုပေါင်း ပြီးဖော် ပြထားတာ၊တွေ့ရပါတယ်၊ ဒါ့ကြောင့် အသင်းတော်ထဲမှာရှိနေရတာကို ကျွန်ပ်တို့ အားယူကြရမှာ ဖြစ်တယ်။
လူသား ချွတ်ယွင်း ချို့တဲ့မှု၊အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ အားနည်းချက်လူသားကဏ္ဍမှာ ရှိတဲ့ အမျိုးမျိုး အားနည်းချက်များတွေ့ရသော်ငြားသခင် ကိုယ်တော်တိုင် ပါဝင်နေတာထင်ရှားပါတယ်။ လူတွေချည်းသာဘဲ ဆိုလျှင် ဒီအဖွဲ့ ပျက်တာ ကြာလှပြီ၊ သခင်ကိုယ်တိုင် ပါဝင်နေတာဖြစ်လို့ သမိုင်းတလျှောက် ယနေ့ထိတိုင် တည်ရှိနေတာက၊ အတွေ့အကြုံအရ သိလာရခြင်း ဖြစ်တယ်။ဒီယုံကြည်ချက်ကို တနေ့တခြား ပိုမိုနက်ရှိုင်းလာရအောင် ကြိုးစားကြပါ၊ အသင်းတော်ထဲ နေရတာ တစိမ်းအဖွဲ့စည်းမှာ နေရတာမျိုး မဟုတ်ဘဲတကဲ့ မိသားစုအတွင်း နေရသလို၊ အိမ်သား ကဲ့သို့ ခံစား လာနိူင်ဖို့ ၊ကိုယ်တိုင် ကိုယ်ကျ ပါဝင်နေတဲ့ အဖွဲ့အစည်း အဖြစ် ယုံကြည်ဖို့ ၊ သခင်ကိုယ်တိုင်လည်းပါဝင်နေတာ ယုံကြည်ဖို့ ကြိုးစားကြပါစို့။
ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။
Fr.Florence Aung Kyaw Oo ရဲ့ ဧဝံဂေလိကျမ်းစာထောက်ရှုချက်ကိုမျှဝေသည်။