Pathein Catholic Diocese Untitled Document
Untitled Document
ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ်၏ ၀ါတွင်းသတင်းစကား
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့
သံမာတေဦး၊ သံမာကုနှင့်သံလုကာဧ၀ံဂေလိကျမ်းရေးပုဂ္ဂိုလ်သုံးပါးလုံးသည် ယေဇူးသခင်၏အဆင်း သဣာန်ပြောင်းလဲသည့်အကြောင်းကိုထည့်သွင်းရေးသားထားသည်။ ထိုအကြောင်းအရာဖော်ပြချက်၌ ယေဇူးသခင်သည် သူ၏အဖြစ်တော်အမှန်ကိုကောင်းစွာနားမလည်သောတပည့်တော်ကြီးတို့အားပြန်လည်တုန့် ပြန်ခဲ့သည်ကိုဖတ်ရှုနိုင်ပါသည်။ ထိုတုန့်ပြန်မှုကား စီမွန်ပေတရုမှဆရာသမား၏အဖြစ်ဇာတိတော်အမှန်ဖြစ် သော ‘ဘုရားသခင်၏ခရစ္စတူး’ ဖြစ်ကြောင်း၀န်ခံထွက်ဆိုပြီးနောက်များမကြာမီ၌ ယေဇူးသခင်ကသူ၏ဒုက္ခခံခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက် ခြင်းအကြောင်းကိုမိန့်ကြားလိုက်ရာ စီမွန်ပေတရုကသူ၏၀န်ခံချက်ကိုလုံး၀ဆန့်ကျင်နေသောတုန့်ပြန်မှုကိုပြုခဲ့သည်။ ထိုအခြေအနေကိုယေဇူးသခင်သည် အဘယ်သို့မျှလက်သင့် ခံလစ်လျူရှူထား၍မရသောကြောင့် ချက်ချင်းပင် ‘စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့အတွက် အဟန့်အတားတစ်ခုဖြစ်သည်။ သင်သည်ဘုရားသခင်၏အလိုတော်နှင့်အညီမတွေးဘဲ လူ့အလိုနှင့်တွေးတော်သည်’ ဟုမိန့်ကြားခဲ့သည်။ (သံမာတေဦး ၁၆း၂၃) ဤသို့ဖြစ်ပျက်ပြီး (၆) ရက်လွန်သောအခါ ယေဇူးသခင်က ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုခေါ်၍မြင့်မားသောတောင်တစ်ခုသို့တက်သွားလေ၏’ (သံမာတေဦး ၁၇း၁)
ယေဇူးသခင်၏အဆင်းသဣာန်ပြောင်းလဲခြင်းဖြစ်စဉ်သည် နှစ်စဉ်၀ါတွင်းကာလ (၂) ပတ်၌ဖတ်ရှုလေ့ရှိသည်။ ဤ၀တ်ပြုခြင်းအချိန်ကာလ၌ ယေဇူးသခင်သည် ကျွန်ုပ်တို့အားသီးသီးသန့်သန့်နေရာတစ်ခုဆီ သို့ခေါ်ဆောင်သွားလေ့ရှိသည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာနှင့်လှုပ်ရှားမှုများသည် ကျွန်ုပ်တို့အားနေရာရွေ့ခြင်းမပြုဘဲ ရှိမြဲအတိုင်းသာဆက်လက်ရှိရန်ဖန်တီးနေသည်။ နေ့စဉ်ရက်စက်လုပ်ရကိုင်ရသောအလုပ် များကြောင့် တစ်ခါတစ်ရံ၌ငြီးငွေ့လာတတ်သည်။ ထို့ကြောင့်၀ါတွင်းကာလ၌ ယေဇူးသခင်သည် သူနှင့်အတူကျွန်ုပ်တို့အား မြင့်မားသောတောင်ပေါ်သို့တက်သွားရန်ဖိတ်ခေါ်နေသည်။ ထိုနေရာ၌ ၀ိညာဉ်ရေးဆိုင်ရာကျင့်စဉ်များကိုကျင့်ကြံရှင်သန်ပြီး ဘုရားသခင်၏သန့်ရှင်းသောလူမျိုးတော်အဖြစ်ခံစားကြရန်ဖြစ်သည်။
၀ါတွင်းကာလ၏ခြိုးခြံကျင့်ကြံအားထုတ်ခြင်းသည် ဆက်ကပ်ခြင်းတစ်မျိုးဖြစ်သည်။ ကျေးဇူးတော် ၏ဖေးမမှုကိုခံရကာ ယုံကြည်ခြင်းမဲ့ပြီး ယေဇူးသခင်၏ကားတိုင်ထမ်းလျှောက်ရာနောက်သို့လိုက်ရန် တင်း မာနေမှုများကိုအောင်မြင်ကျော်လွှားရန်ဖြစ်သည်။ ဤအခြေအနေသည် ပေတရုနှင့်အခြားသောတပည့်တော်ကြီးတို့ မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။ ယေဇူးသခင်အကြောင်း နက်ရှိုင်းစွာသိရန်၊ ပြည့်၀စွာ နားလည်ရန်၊ နက်နဲသောသူ၏ကယ်တင်ခြင်းကိုပွေ့ပိုက်ရန်မှာသူ၏ချစ်ခြင်း၌မိမိတို့ကိုယ်ကိုလုံး၀ဥသုန်အပ် နှံရန်နှင့်သူ၏လမ်းပြခေါ်ဆောင်မှုကိုလက်သင့်ခံရန်၊ ကျွန်ုပ်တို့ကိုယ်ကိုမတည်မြဲသောအရာများ၌စွဲလန်းကပ်ညှိနေခြင်းမှဖြတ်တောက်နိုင်ရမည်။ ကျွန်ုပ်တို့သည် တောက်တက်ခရီးဆက်ရန်လိုသည်။ လုံးလ၊ အား စိုက်ထုတ်ရန်၊ စွန့်လွှတ်ရန်၊ အာရုံစူးစိုက်ထားရန်လိုသည်။ ဤလိုအပ်ချက်များသည် ‘ဆီနော့ဒ်’ အတွက်လည်းအရေးပါသည်။ သာသနာတော်ကြီးအနေဖြင့် လုပ်ဆောင်ရန်ဆက်ကပ်ထားကြသည်။ ၀ါတွင်းကာလ၏အပြစ်ဒဏ်ဆပ်ဖြေခြင်းနှင့်ဆီးနော့ဒ်အတွေ့အကြုံများ၏ပတ်သက်ဆက်နွယ်မှုများကိုစေ့စေ့ထောက်ရှုပါကအကျိုးများသည်။
ယေဇူးသခင်နှင့်တပည့်တော်ကြီးတို့သည် ‘တာဘော်’ တောင်ပေါ်မှဆင်းလာကြသောအခါ တပည့် တော်ကြီး (၃) ပါးတို့အား သူမတူသောအဖြစ်မပျက်ကိုမျက်မြင်သက်သေများအဖြစ်ရွေးချယ်ခဲ့သည်။ ထိုကျေးဇူးတော်အခြေအနေကိုအခြားသူများအား‌ေ၀မျှစေလိုသည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းအသက်တာ၏ အတွေ့အကြုံကို‌‌ေ၀မျှရန်ဖြစ်သည်။ အတူတကွရှိနေခြင်း၌ ကျွန်ုပ်တို့သည် ယေဇူးသခင်နောက်သို့လိုက်ကြ သည်။ ခရီးသွားဖော်များအဖြစ် ဘ၀၌ကိုယ်တော်ရှင်ပေးသနားလာသောသူများနှင့်အတူယှဉ်တွဲလျှောက်လှမ်းရမည်။ တောင်ပေါ်သို့တက်သွားသော ယေဇူးသခင်နှင့်တမန်တော်ကြီးများကဲ့သို့ ကျွန်ုပ်တို့၏၀ါတွင်းကာလ၏၀ိညာဉ်ရေးခရီးသည် ‘ဆီနော့’ (အတူတကွလျှောက်လှမ်းခြင်း) ခရီးဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ဆရာ (ယေဇူးသခင်) နှင့်တပည့်တို့သည်လမ်းခရီးတစ်ခုတည်းကိုအတူလျှောက်လှမ်းခဲ့သည်။ ယေဇူးသခင်ကိုယ်တော်တိုင်သည် လမ်ခရီးဖြစ်သည်။ ထို့ကြောင့် ၀တ်ပြုခြင်းခရီးလမ်း၊ ဆီးနော့ခရီးလမ်း၌ သာသ နာအနေဖြင့်အခြားမည်သည့်အရာမျှလုပ်ဆောင်မနေဘဲ ကယ်တင်ရှင်ခရစ္စတူးသခင်၏နက်နဲရာ၌နက်ရှိုင်း၍ ပြည့်၀နီးကပ်စွာပါ၀င်ရန်သာကြိုးစားရပေမည်။
ယခုထိုအခြေအနေ၏အထွတ်အထိပ်သို့ရောက်ရှိလာပြီဖြစ်သည်။ ဧ၀ံဂေလိကျမ်းစာတော်မြတ်က ယေဇူးသခင်သည် တမန်တော်ကြီးများ၏ရှေ့မှောက်၌အဆင်းပြောင်းလဲတော်မူသည်။ သူ၏မျက်နှာတော် သည်နေမင်းကဲ့သို့လည်းကောင်း၊ ၀တ်လုံတော်သည်အလင်းကဲ့သို့ထွန်းလင်းတောက်ပသည်ဟုဆိုပါသည်။ (သံမာတေဦး ၁၇း၂) ဤဖော်ပြချက်သည် ပြုနေသောခရီးလမ်း၏ အရေးကြီးဆုံးအဆင့်သို့ရောက်ရှိနေခြင်းဖြစ်သည်။ တောင်ပေါ်သို့တက်သွားပြီးနောက် မြင့်မားလှသောတောင်ပေါ်၌ယေဇူးသခင်နှင့်အတူရှိနေခဲ့သည်။ ယေဇူးသခင်၏ဇာတိအဖြစ်တော်နှင့်ဘုန်းတော်အစစ်အမှန်ဖြစ်သည် ဖော်ပြမရသောသဘာထက်လွန်ကဲသောဖြစ်စဉ်ကိုမြင့်တွေ့ခွင့်ကျေးဇူးခံစားခဲ့ရသည်။ ထိုအလင်းတော်သည် ပြင်ပမှ၀င်ရောက်လာခြင်းမဟုတ်ဘဲ ယေဇူးသခင်၏ကိုယ်တော်မှဖြာထွက်လာခြင်းဖြစ်သည်။ ဤထူးဆန်းအံ့ဖွယ်လှသောဘုရားသ ခင်လှပသောမြင်ကွင်းတော်သည်မည်သည့်အရာနှင့်မျှနှိုင်းယှဉ်မပြနိုင်သောအတွေ့အကြုံကိုတပည့်တော်ကြီးတို့ကြုံတွေ့ခဲ့ရသည်။ ခက်ခဲကြမ်းတမ်းသောတောင်တက်ခရီး၌ ကျွန်ုပ်တို့သည်လမ်းခရီးကိုအာရုံထားရမည်ဖြစ်သည်။ တောင်တက်ခရီး၏အဆုံးသတ်၌ လှပသောရှုခင်းများသည်ကျွန်ုပ်တို့၏ပင်ပန်းမှုများကိုအမောပြေစေမည်ဖြစ်သည်။ ထို့အတူ ‘ဆီးနော့’ ခရီးသည်လည်း ခက်ခဲပင်ပန်းနွမ်းလျှစေမည်။ တစ်ခါတစ်ရံ စိတ်ဓာတ်ကျလာမည်။ သို့သော် ထိုရုန်းကန်မှု၏အဆုံးသတ်၌ စောင့်ဆိုင်းနေမည့်ဆုသည် ဖော်မပြနိုင်၊ ပေး ဆက်ခဲ့သည်ထက်ပင်ပို၍ကြီးမားအံ့အားသင့်စေသည်။ ထိုဆုသည် ဘုရာသခင်၏အလိုတော်ကိုပိုမိုနားလည်လာရန်၊ သူ၏နိုင်ငံတော်အတွက်ကျွန်ုပ်တို့၏အလုပ်ကျွေးပြုမှုများကိုပိုမိုနားလည်လာစေသည်။
တမန်တော်ကြီးတို့၏ ‘တာဘော်’ တောင်အတွေ့အကြုံဖြစ်သည့် ယေဇူးသခင်အဆင်းပြောင်းလဲ သည့်အပြင် မိုးဇယ်နှင့်ဧလိယတို့ကိုဖူးတွေ့လိုက်ရခြင်းသည် ၄င်းတို့၏တမန်တော်ဘ၀ကိုပို၍လေးနက်စေသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် အမှန်တကယ် တရားဥပဒေကျမ်နှင့်ပရောဖက်ကျမ်း များ၌ဖော်ပြထားသူအစစ်အမှန်ဖြစ်သည်ကိုပို၍လေးနက်ခိုင်မာသွားစေခဲ့သည်။ (သံမာတေဦး ၁၇း၃) ယေဇူး သခင်၏သစ်လွှင်ခြင်းသည် ဓမ္မဟောင်းကာလ၏ဟောထားချက်များ၊ ကတိစကားများပြည့်စုံခြင်းဖြစ်သည်။ ဓမ္မဟောင်း၏ကြိုတင်ဟောထားချက်နှင့်ကတိစကားများသည် ဘုရားသခင်မိမိလူမျိုးနှင့်ဆက်ဆံခဲ့သည့်သမိုင်းကြောင်းနှင့်ခွဲထုတ်၍မရသကဲ့သို့ ထိုအဓိပ္ပါယ်ကိုပိုမိုလေးနက်စေသည်။ ထို့အတူပင် ‘ဆီနော့’ ခရီး၌ လည်း သာသနာတော်ကြီး၏ထုံးတမ်းစဉ်လာ၌အမြစ်တွယ်နေသည်။ ထို့အတူအသစ်သောလမ်းကြောင်ကိုလည်းဖွင့်လှစ်ပြသည်။ ထုံးတမ်းစဉ်လသည် မှန်ကန်သောစိတ်ဓာတ်ဖြင့် လမ်းကြောင်းအသစ်ကိုရှာဖွေရန်၊ ဆန့်ကျင်ဖက်အနှောက်အယှက်များကိုရှောင်ရှားရန်နှင့်လက်တွေ့မကျသောဖန်တီးစမ်းသပ်မှုများကိုရှောင်ရှာရန်ဖြစ်သည်။
၀ါတွင်း၏အပြစ်ဒဏ်ဆပ်ဖြေခြင်းခရီးနှင့်ဆီးနော့ခရီးသည် ယေဇူးသခင်၏အဆင်းပြောင်းလဲခြင်းနှင့်ဦးတည်ချက်ဖြစ်သော ကိုယ်တိုင်နှင့်သာသနာ၏အတွေ့အကြုံနှင့်တူပါသည်။ အခြေအနေနှစ်ခုလုံး၏ ပြောင်းလဲမှု၌ အဆင်းပြောင်းလဲသောအဓိကပုဂ္ဂိုလ်ဖြစ်သောယေဇူးသခင်ဖြစ်နေပြီး၊ ကိုယ်တိုင်နှင့်သာသနာ တော်ကြီးအဆင်းပြောင်းလဲရန်မှာနက်နဲသောပါစကားကောင်းချီးဖြင့်သာရနိုင်သည်။ ယေဇူးသခင်၏အဆင်း ပြောင်းလဲခြင်းသည် ယခုနှစ်၌အမှန်တကယ်ဖြစ်လာစေရန် လမ်းစဉ်နှစ်ခုကိုအကြံပြုလိုက်ပါသည်။ ထိုအကြံပြုချက်ကား ယေဇူးသခင်နှင့်အတူတောင်ပေါ်သို့တက်သွားရန်နှင့်သူနှင့်အတူဦးနည်ချက်ကိုအရယူရန်ဖြစ်ပါသည်။
ပထမလမ်းစဉ်ကား တောင်ပေါ်၌ယေဇူးသခင်အဆင်းပြောင်းလဲသည်ကိုကြည်ရှုခံစားနေစဉ် ခမည်းတော်ဘုရားမှ တပည့်တော်ကြီးတို့အားမိန့်ကြားသည့်အတိုင်လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုမိန့်ကြားချက်ကား ‘သူ့အားနာခံလော့’ ဟုဖြစ်သည်။ (သံမာတေဦး ၁၇း၅) ဤတိုက်တွန်ချက်သည် လွန်စွာရှင်လင်းပါ သည်။ ယေဇူးသခင်ကို ကျွန်ုပ်တို့နာခံရမည်။ ၀ါတွင်းကာလသည် ကျေးဇူးတော်အချိန်ကာလဖြစ်သည်။ ထို့ ကြောင့် ယေဇူးသခင်မည်သည့်အရာ၊ အဘယ်သို့မိန့်ကြားသည်ကိုနားထောင်ရမည်။ ယေဇူးသခင်ကိုနား ထောင်ရန်မှာ ပထမဦးစွာ နေ့စဉ်အမိသာသနာ၏၀တ်ပြုခြင်း၌ဖတ်ကြားထောက်ရှုသော ဘုရားသခင်၏ အသက်ပေးနှုတ်တော်ထွက်စကားအားဖြင့်ဘုရားသခင်အားနားထောင်နိုင်သည်။ ထိုဘုရားသခင်၏နှုတ် တော်ထွက်စကားသည် ပင်းနေသောနားထဲသို့ရောက်မသွားစေပါနှင့်။ နေ့စဉ်မစ္ဆားတရားမပါ၀င်မပူဇော်နိုင်ပါကလည်း နေ့စဉ်သမ္မာကျမ်းစာအားဖတ်မှတ်လေ့လာကြပါစို့။ အဘယ်သို့လေ့လာရမည်ကိုမသိပါက အင် တာနက်၏အကူအညီကိုရယူပါ။ သမ္မာကျမ်းစာနှင့်စပ်လျင်း၍ဖြည့်စွက်ရမည်ဆိုပါက ယေဇူးသခင်သည် ကျွန်ုပ်တို့၏၀န်းကျင်၌ အတိဒုက္ခအမျိုးမျိုးရောက်နေသူများ၊ အကူအညီလိုအပ်နေသော ကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများအားဖြင့်မိန့်ကြားလျှက်ရှိသည်။ ဆီးနော့အတွက် အတော်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုထပ်ပြောကြပါစို့။ ခရစ္စတူးသခင်ကိုနားထောင်ခြင်းသည် သာသနာအတွင်းရှိ ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမတို့အားနားထောင်ခြင်းပင်ဖြစ်သည်။ အချင်းချင်လေးစားနာထောင်တတ်ခြင်းသည် ပန်းတိုင်သို့ဦး တည်ရန်အတွက် အခြေခံအဆင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘ဆီးနော့’ လမ်းစဉ်၊ သဘောတရားနှင့် သွေဖီမသွားပေ။
ခမည်းတော်ဘုရား၏အသံကိုကြားလိုက်ရသောတမန်တော်တို့သည် ကြောက်စိတ်များလွှမ်းမိုးသွား ၍မြေပေါ်သို့ပြားပြား၀ပ်တွားခဲ့ကြသည်။ သို့သော်ယေဇူးသခင်သည် ၄င်းတို့အားတို့ထိပုပ်နှိုးလိုက်ပြီး ထကြ လော့။ မကြောက်ကြနှင့် ဟုမိန့်ကြားလိုက်သည်။ တမန်တော်ကြီးများမျက်စိဖွင့်ကြည့်လိုက်ကြသောအခါ ယေဇူးသခင်မှတစ်ပါးအခြားသူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ရတော့ပေ။ (သံမာတေဦး ၁၇း၆-၈) ဤအ ချက်ကား ဒုတိယအချက်ဖြစ်သည်။ ၀ါတွင်းကာလကို ထူးခြားသောဘာသရေးအဆောင်အယောင်များကြား ၌နစ်မြှုပ်မနေရန်နှင့်လွန်စွာစိတ်ထိခိုက်ခံစားရသောပုံစံမျိုး၌သာယာမနေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆို သောသမာရိုးကျကျင့်စဉ်များနှင့်အသားကျပြီး ထိုအခြေအနေမှရုန်းထွက်ရန်ကြုံရမည့် ဒုက္ခ၊ အခက်အခဲများ၊ ဆန့်ကျင့်ဘက်အခြေအနေများကိုရင်ဆိုင်ရန်ကြောက်ရွံ့နေတတ်သည်။ ယေဇူးသခင်တမန်တော်ကြီးတို့အား ထွန်းလင်းပေးလိုက်သောအလင်းသည် ‘ပါစကားဘုန်းတော်အလင်း’ ၏ရှေ့ပြေးနိမိတ်ဖြစ်သည်။ ထိုအတွေ့ အကြုံသည် ကျွန်ုပ်တို့တစ်ဦးစီဘ၀၌ သူ့နောက်သို့တစ်ဦးတည်းလိုက်ရင်း ကြုံတွေဖြတ်သန်းရမည်ခရီးဖြစ်သည်။ ၀ါတွင်းသည် ပါစကားဆီသို့ဦးတည်သည်။ နောက်ဆုတ်ခြင်သည် နိဂုံးမဟုတ်။ ယေဇူးသခင်၏ ဒုက္ခခံခြင်းနှင့်ကားတိုင်တော်ကိုယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းဖြင့်ခံထမ်းရန်ပြင်ဆင်ပေးသောကာလဖြစ်သည်။ သို့မှသာ ရှင်ပြန်ထမြောက်ခြင်းကိုတွေ့ကြုံခံစားရမည်။ ဆီးနော့ ခရီး၌ အကယ်၍ဘုရားသခင်သည်ကျွန်ုပ်တို့အား လွန်စွာအင်အားကြီးမားသောပေါင်းစည်းခြင်းကျေးဇူးတော်ကိုပေးသနားသောအခါ ပန်း တိုင်ရောက်ပြီဟုတွေး၍မပျော်နှင့်။ ထိုအခြေအနေလည်းကိုယ်တော်ရှင်က ‘ထလော့။ မကြောက်နှင့်’ ဟုထပ်မံမိန့်ကြားလာပေမည်။ ကျွန်ုပ်သို့တောင်ခြေသို့ဆင်းသွားကြပါစို့။ တောင်ပေါ်၌တွေ့ကြုံခဲ့ရသောအတွေ့ အကြုံသည် ‘ဆီးနော့’ ခရီးကိုလျှောက်လှမ်းစဉ်သွေးခြောက်ကုန်ခန်းသွားသောရေ၊ အားအင်ကိုပြန်လည်စွတ်စိုစေသည့် ‘အ၀ီစိ’ အဖြစ်ကျွန်ုပ်တို့၏အသင်းအဖွဲ့အတွက်ပြန်လည်ပေးဆက်ကြပါစို့။
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့
သန့်ရှင်းသော၀ိညာဉ်တော်သည် သင်တို့အားကောင်းမှုပြုလိုစိတ်တိုးပွားစေပါ။ ဤ၀ါတွင်းကာလ၌ လည်း ယေဇူးသခင်နှင့်အတူတောင်ပေါ်တက်ရောက်နိုင်သောခွန်အားပေးစေတော်မူပါ။ သို့မှသာ ယေဇူးသ ခင်၏ထွန်းလင်းတောက်ပသောရောက်ခြည်ကိုတွေ့ကြုံခံစားရမည်။ ယုံကြည်ခြင်း၌မြဲခိုင်ကြမည်။ သူနှင့်အ တူပြုသောခရီးကိုလည်းစိတ်အားထက်သန်စွာပြုပေမည်။ သူ့လူမျိုးတော်နှင့်လူမျိုးအသီးသီး၏အလင်းတော်၊ ဘုန်းတော်သည်ထွန်းလင်းနေပေမည်။
မှတ်ချက်။ ။ဤစာကို ရောမမြို့၊ စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌ (ဇန္န၀ါရီလ ၂၅၊ ၂၀၂၃) စိန့်ပေါလ်အကျင့်ပြောင်းလဲသည့်ပွဲနေ့၌ထုတ်ပြန်ခဲ့သည်။
Source and translator: Father Cle Pike
gospel reflection